Home

Friday, September 12, 2014

မြန်မာ - ဂျာမနီ သံတမန်ဆက်သွယ်ထူထောင်သည့်နှစ် (၆၀) ပြည့် အထိမ်းအမှတ်ပြပွဲဖွင့်လှစ်

ရန်ကုန် စက်တင်ဘာ ၁၁
မြန်မာ-ဂျာမနီ သံတမန်မှု ဆက်သွယ်ထူထောင်သည့် နှစ်(၆၀)ပြည့် အထိမ်းအမှတ်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၃ ရက်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့ ဂျာမန်နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်သမ္မတ၏ ဥရောပသုံးနိုင်ငံ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသော နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေတို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်ဂျာမန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ စတီဖန်စတိမ်းလိန်းတို့က မိန့်ခွန်းပြောကြားကာ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ပြပွဲကို စက်တင်ဘာ ၃ ရက်မှ စတင်၍ အောက် တိုဘာ ၉ရက်အထိ ပြသထားမည်ဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု၊ သဘာဝရှုခင်းနှင့် ဘာသာရေးဆိုင်ရာ အဆောက် အအုံ ဓာတ်ပုံ များ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်တိုးတက်မှု မှတ်တမ်း ဓာတ်ပုံများ ကို ပြသထားသည်။ အဆိုပါ ပြပွဲတွင် ၁၇၅၆ ခုနှစ်က မြန်မာဘုရင် အလောင်းမင်းတရားကြီးထံမှ ဗြိတိန်ဂျော့ ဘုရင်ထံ ပေးပို့သော ပတ္တမြား ၂၄ လုံးစီခြယ်ထားသည့် ရွှေသားအစစ်သဝဏ်လွှာ၏ ဒစ်ဂျစ်တယ် မိတ္တူကိုလည်း ပြသထားသည်။
စက်တင်ဘာ ၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် နယ်သာလန်နိုင်ငံ ဝန်ကြီးချုပ်ရုံး၌ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နယ်သာလန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး Ms. Lilianne Ploumen တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment