Home

Tuesday, August 26, 2014

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် တင်ဒါအောင်အောင်မြင်သည့် ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းဝေး ကျင်းပ

မိတ္ထီလာ ဩဂုတ် ၂၆
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေဖြင့် မိတ္ထီလာခရိုင် အတွင်းရှိ လမ်းလုပ်ငန်း၊တံတားလုပ်ငန်း၊ ရေပေးခြင်း လုပ်ငန်းနှင့် မီးလင်းရေး လုပ်ငန်းများကို
ကျေးလက်ဒေသများတွင် ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများနှင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးပွဲကို ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ရှေ့ဦးစွာ မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများသည် ခရိုင်အတွင်းရှိ လုပ်ငန်းအလိုက် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှုင့် ကျေးလက်ဒေသများတွင် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

မိတ္ထီလာခရိုင်အတွင်းရှိ တင်ဒါအောင်မြင်သည့် ကုမ္ပဏီ(၆)ခုမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြင့်သည့် လမ်းလုပ်ငန်း(၁၉)ခု၊ တံတားလုပ်ငန်း (၁၅)ခု၊ ရေပေးရေးလုပ်ငန်း (၈၁)ခုနှင့် မီးလင်းရေး လုပ်ငန်း(၇၁၂)ခု တို့ကို ကျေးလက်ဒေသများတွင် တင်ဒါအောင်မြင်ပြီး ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် (၃၃၇၄.၁၈)သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment