နေပြည်တော် သြဂုတ်
၂၄
ကူးစက်မြန် အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း
လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်လျက်ရှိရာ ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော
ပြင်းထန်ငှက်ဖျားရောဂါ (Severe and Complicated Malaria with Mixed Infection of
Plasmodium Falciparum and Plasmodium vivax) အဖြစ် သတ်မှတ်၍ အထူးကုဆရာဝန်ကြီးများမှ
ကြီးကြပ်ကုသပေးလျက်ရှိပါသည်။
(၂၄-၈-၂၀၁၄) ရက်နေ့၊ နံနက်ပိုင်းတွင်
ခန္ဓာကိုယ်အပူချိန် ပုံမှန်ဖြစ်ခြင်း၊ သွေးပေါင်ချိန် ကောင်းမွန်ခြင်း၊ (၁၂၀/၈၀) မီလီမီတာမာကျူရီ)၊
သတိကောင်းမွန်ခြင်း၊ လမ်းလျှောက်နိုင်ခြင်း၊ အစားအစာ ပုံမှန်စားနိုင်ခြင်း တို့တွေ့ရှိရပြီး
ဆေးရုံတက်သည့် (၁၉-၈-၂၀၁၄) ရက်နေ့မှ (၂၄-၈-၂၀၁၄) ရက်နေ့အထိ ခန္ဓာကိုယ်အတွင်း အပြင်တို့တွင်
သွေးယိုစီးခြင်းလက္ခဏာများ လုံးဝမတွေ့ရှိရပါ။ ၎င်း၏ ကျန်းမာရေးအခြေအနေမှာ (၂၃-၈-၂၀၁၄) ရက်နေ့ကထက်
ပိုမိုတိုးတက် ကောင်းမွန်လာကြောင်းနှင့် အခြား (၄) ဦး၏ ကျန်းမာရေး အခြေအနေမှာ လုံးဝ
ကောင်းမွန်လျက်ရှိပါသည်။ (၂၄-၈-၂၀၁၄) ရက်နေ့တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် အထူးကု
ဆရာဝန်ကြီးများ ပါဝင်သော ဆေးကုသအဖွဲ့မှ လူနာအားဆေးကုမှုလုပ်ငန်းနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး
ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
No comments:
Post a Comment