Home

Thursday, August 28, 2014

သုံးမြွာပူးမိခင်အား ထောက်ပံ့ငွေပေးအပ်



ပြည် ဩဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးသိန်းနှင့် အဖွဲ့ဝင်များသည် ဩဂုတ် ၁၄ ရက်က ပြည်မြို့ အထွေထွေရောဂါကုဆေးရုံ ကြီး၌ ပြည်မြို့နယ် မြောက်နဝင်းရွာ သစ်ကျေးရွာအုပ်စု ကံကလေးကျေး
ရွာမှ (အဖ)ဦးဇော်ဇော်ထွန်း၊ (အမိ) ဒေါ်စန်းစန်းဝင်းတို့မှ ကောင်းမွန်စွာ သုံးမြွှာပူး သားယောက်ျားလေး များ မွေးဖွားခဲ့ရာ ဩဂုတ် ၂၆ ရက် နံနက် ၉ နာရီတွင် ၎င်းတို့၏နေအိမ်၌ ပြည်ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုး သိန်းနှင့် အဖွဲ့ဝင်များက ထောက်ပံ့ငွေကျပ် တစ်သိန်းနှင့် အနှီးပိတ်များ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment