Home

Monday, August 25, 2014

နယ်စပ်ကုန်သွယ်ရေး စခန်းသစ် (၃) ခုဖွင့်ရန် စီစဉ်



ရန်ကုန် ဩဂုတ် ၂၄
နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးမှု ဖြစ်ပေါ်စေရန် အတွက် လာမည့် ပွင့်လင်းရာသီတွင် နယ်စပ်ကုန် သွယ်ရေးစခန်းသစ်သုံးခု ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အသစ်ထပ်မံဖွင့်လှစ်ရန် စီစဉ်ထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှာ အိမ်နီးချင်းထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ် မှု ပြုလုပ်နိုင်မည့် ကယား ပြည်နယ်တွင် တစ်ခုနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် တစ်ခုဖြစ်သည်။
နောက်ထပ်တစ်ခုမှာ အိန္ဒိယနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုပြုလုပ်နိုင်မည့် ချင်း ပြည်နယ်တွင်တစ်ခု ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ လောလောဆယ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ခု ရှိနေရာ နောက်ထပ်စခန်းအသစ်သုံးခုဖွင့်လှစ်နိုင်ပါက နယ်စပ်ကုန်သွယ်ရေး စခန်း စုစုပေါင်း ၁၈ခု ရှိလာမည်ဖြစ်သည်။
လောလောဆယ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ ကုန်သွယ်မှု အများဆုံးပြုလုပ်နေသော စခန်းများ မှာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ မြ၀တီ၊ တမူး၊ တာချီလိတ် စသည့်နယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်သည်။ မြန်မာနိုင်ငံ၏ ရေမြေတော တောင်သဘာဝအရ နယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံများဖြစ်သော တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုများ တိုးတက်ဖွံ့ဖြိုးရန် ကြိုးစားဆောင်ရွက်လျက်ရှိရာ နယ်နိမိတ် ထိစပ်မှု မိုင်ပေါင်း ၅၀၀၀ ခန့် ရှည် လျားသည့် နယ်စပ်တစ်လျှောက်
မြန်မာနိုင်ငံက နယ်စပ်ကုန်သွယ် ရေးစခန်း ၁၅ ခု ထားရှိဆောင်ရွက် လျက်ရှိသည်။
ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများအဖြစ် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ် စသည် တို့ရှိနေပြီး တရုတ်နိုင်ငံနှင့် မူဆယ်၊ လွယ်ဂျယ်၊ချင်းရွှေဟော်၊ လိုင်ဇာ စခန်းတို့ ရှိနေကာ အိန္ဒိယနိုင်ငံနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများအဖြစ် တမူးနှင့် khi  တို့ရှိနေသည်။ ထို့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် စစ်တွေ၊ မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းများလည်း ရှိနေသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ် မှု အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာ ရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၈ ဘီလီယံကျော်ရှိခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် အမေရိကန် ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံခန့်ရှိပြီး တင်သွင်းမှုအနေဖြင့် တစ်ဘီလီယံ ကျော်ရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment