Home

Saturday, August 30, 2014

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် ရက်သတ္တတစ်ပတ်သာကျန်



ရန်ကုန် ဩဂုတ် ၂၉
၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာများကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သထုံလမ်းရှိ အဆင့် မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)၌ ၂၀၁၄ ခုနှစ် ဩဂုတ် ၁၅ ရက် သောကြာနေ့မှစ၍ (စနေ၊တနင်္ဂနွေ)ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ) လက်ခံဆောင် ရွက်ပေးခဲ့သည်မှာ
ယနေ့ထိရက်ပေါင်း ၁၅ ရက်(ရက်သတ္တ နှစ်ပတ်)ရှိပြီဖြစ်သည်။ တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာများကို စက်တင်ဘာ ၅ ရက်(သောကြာနေ့) နောက်ဆုံးထား လက်ခံဆောင်ရွက် ပေးမည်ဖြစ်ရာ လက်ခံရန်အချိန်အားဖြင့် ၇ ရက် (ရက်သတ္တတစ်ပတ်)သာ ကျန်ရှိတော့ကြောင်းနှင့် ကျန်ကျောင်းသား ကျောင်းသူများအနေဖြင့် သတ်မှတ်ရက်အတွင်း အချိန်မီလျှောက် ထားကြရန် လိုကြောင်း သိရသည်။

No comments:

Post a Comment