Home

Wednesday, August 27, 2014

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် သံဃာ့ဆေးကုသဆောင် တည်ဆောက်ရေး ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကျင်းပ

ကော့သောင်း သြဂုတ် ၂၆
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် သံဃာ့ဆေးကုသဆောင် တည်ဆောက်ရေး ပန္နက်တော်တင်မင်္ဂလာ အခမ်း အနားကို သြဂုတ် (၂၅) ရက် ၊နံနက်(၈ ) နာရီက ၊ကော့သောင်းမြို့ ၊ ကုတင်(၁၀ဝ)ခရိုင် ပြည်သူ့ဆေးရုံဝင်း အတွင်း ပြုလုပ်ကျင်းပသည်။



အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ ဂိုင်းပေါင်းစုံမှ ဥက္ကဌ ဆရာတော်ကြီးများ၊ မြို့နယ် သံဃနာယကဥက္ကဌ ဆရာတော်နှင့် ဆရာတော်သံဃာတော်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမြင့်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာဝင်းအောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦး၊ ဦးချစ်သန်း (တောင်ဒဂုံဆီအုန်း စိုက်ပျိုးရေးကုမ္ပဏီ)၊ ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တည်ဆောက်ရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ကျန်းမာရေးဝန်ထမ်းများ ၊ဖိတ်ကြားထားသည့် ဧည့်သည်တော် အလှူရှင်စေတနာရှင်များတက်ရောက်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ဆရာတော်သံဃာတော်များထံမှ တက်ရောက်လာသည့် တာဝန်ရှိသူများ ဧည့်ပရိတ်သတ် များက ငါးပါးသီလခံယူဆောက်တည်ကြပြီး မင်္ဂလာအချိန်တွင် သံဃဆေးကုသဆောင်တည်ဆောက်မည့် မြေနေရာ တွင် ပြည်တော်အေး ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓဉာဏ အရှင်သူမြတ် ဦးဆောင်၍ တာဝန်ရှိသူ များက နေ့နံအလိုက် ပန္နက်တော်များ အသီးသီး ရိုက်သွင်းပေးကြပြီး အမွေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။
ထိုနောက် ဆရာတော်သံဃာတော်ကြီးများ အား တာဝန်ရှိသူများ က လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ကြသည်။ ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ပန္နတော်တင်မင်္ဂလာ အခမ်းအနားအား ဗုဒ္ဒသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းလိုက်သည်။

အဆိုပါ သံဃဆေးကုသဆောင်အား ကော့သောင်းမြို့၊ ကုတင်(၁၀ဝ)ဆန့် ပြည်သူ့ဆေးရုံဝင်း အတွင်းတွင် အုတ်ခံ၊ အုတ်ကျွတ်မိုး နှစ်ထပ် အဆာက်အဦး ၊ ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း (၁၅၀ဝ) ဖြင့် အဆောက်အဦအကျယ် (၅၀)ပေ ပတ်လည် ဆောက်လုပ်ရန်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒေသခံ မြို့မိမြို့ဖ စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းငွေဖြင့် ကိုယ်အားကိုယ်ကိုး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment