Monday, September 6, 2021

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပန်းခင်းစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်အမှာစကားပြောကြား

 


နေပြည်တော် စက်တင်ဘာ ၆

တနင်္သာရီတိုင်း၊ စစ်ကိုင်း ၊ မန္တလေးဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့အတွင်း ပန်းခင်းစီမံချက်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ (၁) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တနင်္သာရီတိုင်း၊ စစ်ကိုင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

KNLA တပ်မဟာ(၅)အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဖာပွန်ခရိုင်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ကုသမှုခံယူလျက်ရှိသည့် အသက် ၇၈ နှစ်အရွယ် အဘွားအို ၁ ဦး ထိခိုက် ဒဏ်ရာရရှိ

နေပြည်တော်၊ စက်တင်ဘာ  

KNLA တပ်မဟာ(၅)အဖွဲ့က လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်မှုကြောင့် ဖာပွန်ခရိုင်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ကုသမှုခံယူလျက်ရှိသည့် အသက် ၇၈ နှစ်အရွယ် အဘွားအို ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့် ရှုစစ်ဆေး

 

နေပြည်တော် စက်တင်ဘာ ၆ 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။

ဘုန်းတော်ကြီးကျောင်းများမှ ပြင်ဆင်ရန်တင်ပြတောင်းခံသော မြဝတီမင်းကြီးလမ်း ပြင်ဆင်နေမှု မြို့တော်ဝန်နှင့် ကော်မတီဝင်များ ကွင်းဆင်း ကြည့်ရှု

 


ဒဂုံတောင် စက်တင်ဘာ ၆

ဘုန်းတော်ကြီးကျောင်းများ၏ တင်ပြတောင်းခံမှုအရ အရှည် ၂၂၅၀ ပေအကျယ် ၁၈ပေ ထု ၆ လက်မ ကွန်ကရိခင်းခြင်းဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက်ရှိ မြဝတီမင်းကြီးလမ်းအား မြို့တော်ဝန် ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များမှ ယနေ့နံနက် ၉နာရီ၃၅မိနစ်အချိန်က ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင်ထံမှ သိရှိရသည်။

ပြင်ဦးလွင်မြိုရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များ ဆက်လက်ဖြည့်သွင်းပေးလျက်ရှိ

 


ပြင်ဦးလွင်    စက်တင်ဘာ        

မန္တလေးတိုင်းဒေသကြီး ၊  ပြင်ဉီးလွင်မြို့ ၊ ရပ်ကွက်ကြီး   ( ၅ ) ၊ ပြည်သူ့ဆေးရုံကြီးအနီးရှိ ပြင်ဉီးလွင် (အခမဲ့) နာရေးကူညီမှုအသင်းကြီးမှ ဉီးဆောင်ကာ  ပြည်သူမျာ၏ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်လျက်ရှိသော အောက်ဆီဂျင်စက်ရုံကို  စေတနာရှင် ပြည်သူများ၏ စုပေါင်းအလှူငွေများဖြင့် တည်ဆောက်ပြီးစီး၍  အောက်ဆီဂျင်များကို  လူမျိုးဘာသာ နေရာဒေသ မရွေး  အခမဲ့ဖြန့်ဝေပေးလျက်ရှိသည် ။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၁၉၈ ဦး ဆက်လက်ဝင်ရောက်

 


မြဝတီ စက်တင်ဘာ ၆

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက် ပေးလျက်ရှိရာ  ယနေ့တွင် ၁၉၈ ဦး ဆက်လက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း(၅၅၀၂) စောင် နှင့် နိုင်ငံသားစိစစ်ရေးကတ်(၃၉၁၅) ကတ်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်

 





မြိတ်  စက်တင်ဘာ  

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ပြည်သူလူထုအားလုံး၏ လက်ဝယ်တွင်အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် ပန်းခင်းစီမံချက် ဖြင့်ရပ်ကွက်/ ကျေးရွာများအထိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦး စီးမှူးရုံးဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်း(၅၅၀၂) စောင်နှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၉၁၅)ကတ်ကို  ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ် -၁၉ ကာကွယ်ဆေး (SINOVNC) ပထမအကြိမ်ထိုးနှံ


ဘူးသီးတောင် စက်တင်ဘာ ၆

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ လမ်းမဘုန်းတော်ကြီးကျောင်းဝင်းရှိ တိုက်ပွဲရှောင် ပြည်သူ (၆၆)ဦးတို့အား ကိုဗစ် -၁၉ ကာကွယ်ဆေး (SINOVNC)ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လမ်းမဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 



ကန့်ဘလူ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အစိုးရအဖွဲ့  ဝန်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးစိုးရွှေအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့ နံနက် ၁၁ နာရီခန့်က ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်သို့ရောက်ရှိပြီး သဖန်းဆိပ်ဆည် ရှင်းလင်းဆောင်၌  ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဦးစိုးနိုင်က ဆည်အတွင်းရေဝင်ရောက်မှု၊ တိုင်းဒေသကြီးအတွင်းရှိ သဖန်းဆိပ်ဆည်ရေသောက် ဧရိယာများတွင် မိုးသီးနှံ၊ နွေသီးနှံများစိုက်ပျိုးရာတွင် ရေပေးဝေနိုင်မှုနှင့် တရားမဝင်ရွှေမျှောလုပ်ကိုင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

အမ်းမြို့နယ်၌ နေရပ်စွန့်ခွာ၍ စခန်းများ၌ ခိုလှုံနေကြသော အသက်(၁၈)နှစ်အထက်ပြည်သူ (၁၁၄၀) ဦး ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်းသိရ

 


အမ်း   စက်တင်ဘာ   

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် နေရပ်စွန့်ခွာ၍ စခန်းများ၌ ခိုလှုံနေကြသော အသက်(၁၈)နှစ် အထက်ပြည်သူများအား (၁၁၄၀) ဦးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမ အကြိမ် ထိုးနှံပေးခြင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ​ရွှေအမ်းတောင် ခန်းမ၌ စက်တင်ဘာလ(၆)ရက် နံနက်(၉)နာရီအချိန်တွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများကကာကွယ် ဆေးထိုးနှံပေးခြင်းအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ရသေ့တောင်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက် နယ်မြေခံတပ်ရင်း တပ်ဖွဲ့မိသားမှ အလှူငွေများ ပေးအပ်

 


ရသေ့တောင်   စက်တင်ဘာ  

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါခံစားနေရသူများနှင့် အခြားလူနာများအတွက် အောက်ဆီဂျင်လိုအပ်မှုများ ဖြည့်ဆည်းပေးနိုင်ရေး အောက်ဆီဂျင် စက်ရုံ တည်ဆောက်ရေးအတွက် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့မိသားမှ အလှူငွေများအား ယနေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။

ဘိုကလေးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်လျက်ရှိ

 


ဘိုကလေး စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်ဖြစ်သည့် ဧပြီ၊ မေ၊ ဇွန် လများအတွက်  အသက်(၈၅)နှစ်အထက် ဘိုးဘွားများ၏ လူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ရေးအစီအစဉ် (MCCT)အရ တတိယ သုံးလပတ်ဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာ လများအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

မြစ်သားမြို့နယ်အတွင်း ကျေးရွာ ၁၅ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

 


မြစ်သား စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် မြစ်သားမြို့နယ် အတွင်း ရှိကျေးရွာ ၁၅ ရွာ၌ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုယခုနှစ် ဖေဖော်ဝါရီလမှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှသိရသည်။

ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဂွမြို့၊ ဂွချောင်းတံတား ချဉ်းကပ်လမ်းမြေယာ လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်



 


ဂွ     စက်တင်ဘာ     ၆

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး သက်လွင်နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဂွမြို့(အ.ထ.က)ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည့် ဂွချောင်း တံတားချဉ်းကပ် လမ်း မြေယာလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကာ ဂွချောင်းတံတားချဉ်းကပ် လမ်းတွင် ပါဝင်နေသည့် မြေပိုင်ရှင်၂၆ဦးအတွက် မြေနှင့်သီးနှံလျော် ကြေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မဂွေဇ-ခေါင်လန်ဖူး(၆၅)မိုင်(၄)ဖာလုံလမ်းဖောက်လုပ်ခြင်းစီမံကိန်း ခေါင်လန်ဖူးမြို့သို့ တစ်ကြောင်းထိုးကားလမ်းဖောက်လုပ်ရောက်ရှိလာခြင်းကြောင့် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၏ ရင်တွင်းစကားသံများ

 

ခေါင်လန်ဖူး စက်တင်ဘာ ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်သည် ဝေးလံခက်ခဲပြီးသွားလာရေး ခက်ခဲသည့် နယ် စပ်မြို့တစ်မြို့ဖြစ်ပြီး မဂွေဇ-ခေါင်လန်ဖူးမြို့ (၆၅)မိုင်(၄)ဖာလုံ လမ်းဖောက်လုပ်ခြင်းစီမံကိန်းအား နယ်စပ်ရေး ရာ၀န်ကြီးဌာန၏ခွင့်ပြုရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဖောက်လုပ်လျက်ရှိရာ စက်တင် ဘာ(၃)ရက်နေ့တွင် တစ်ကြောင်းထိုး ကားလမ်းဖောက်လုပ်မှု ခေါင်လန်ဖူးမြို့သို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်းရှိ ရာသီပေါ်ဟင်းသီးဟင်းရွက်စိုက် တောင်သူများအား စိုက်ပျိုးရေးနည်းပညာပံ့ပိုးကူညီနိုင်ရေး၊ ဈေးကွက်ရရှိရေးတို့အတွက် တောင်သူများနှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေး

 


မြစ်ကြီးနား     စက်တင်ဘာ ၆

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းနှင့် ကပ်ရောဂါကာလအလွန် ရာသီပေါ် ဟင်းသီးဟင်း ရွက်စိုက်ပျိုးသည့် တောင်သူများ စီးပွားရေးအဆင်ပြေစေရေးနှင့် ဈေးကွက်ရှာဖွေပေးနိုင်ရေး ပြည် နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်ကိစ္စရပ်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး တို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေ ၄ နာရီတွင် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ ဒူဝါလဝမ်လီအောက်မေ့ဖွယ်ခန်းမဆောင်၌ မြို့နယ်အတွင်းရှိ တောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ရွှေတောင်မြို့နယ်၌ အိမ်မီးလောင်မှုဖြစ်ပွား

 



 ရွှေတောင် စက်တင်ဘာ ၆

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ကြို့ကုန်းအုပ်စု သပြေလှကျေးရွာတွင် ယမန့်နေ့ ည ၇ နာရီ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း (၂၀၅) ကျောင်းအား ဆွမ်းနှင့် ဆွမ်းဟင်းလျာများအတွက် အလှူတော်ငွေများပေးအပ်လှူဒါန်း

 


လွိုင်ကော်  စက်တင်ဘာလ   

ကယားပြည်နယ်အတွင်းရှိ  ပရိယတ္တိစာသင်တိုက်များ ၊ ဘုန်းတော်ကြီးကျောင်းများ နှင့် သီလရှင် ကျောင်းစုစုပေါင်း (၂၀၅)ကျောင်းရှိဆရာတော် ၊သံဃာတော်များနှင့်သီလရှင်များအား ကယားပြည်နယ် အစိုးရအဖွဲ့မှ ဆန် ၊ ဆီ ၊ ဆား ၊ ပဲ နှင့် ဆွမ်းဟင်းလျာများ အတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်း ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ၊ ကယားပြည်နယ်အစိုးရအဖွဲ့ အစည်းဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။  

ဇလွန်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ယင်းတို့မှ မွေးဖွားလာသော ၂ နှစ် အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့

 


ဇလွန် စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၏ MCCT (Maternal And Child Cash Transfer) အစီအစဉ်မှ ထောက်ပံ့သည့် ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ယင်းတို့မှမွေးဖွားလာသော ၂ နှစ်အောက်ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများအရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။

ပန်းတောင်းမြို့နယ် ထုံးဘိုကျေးရွာအုပ်စု ခတ္တိယရပ်ကွက်အတွင်း ဧရာဝတီ မြစ်ရေဝင်ရောက်နေသည့် အခြေအနေအား လိုက်လံစစ်ဆေး

 


ပန်းတောင်း စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထုံးဘိုကျေးရွာအုပ်စု ခတ္တိယရပ်ကွက် အတွင်း ဧရာဝတီ မြစ်ရေဝင်ရောက်နေသည့်နေရာသို့ ယမန်နေ့ ညနေ့ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။