ရန်ကုန် မတ် ၁၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း ပညာသင်စရီတ်ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ(ငယ်)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ ပုံမှန်ပညာမသင်ယူနိုင်သော ထိခိုက်လွယ်အုပ်စုတွင်ပါဝင်သည့် လူငယ်လူရွယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်
လူငယ်များ အသက်မွေးဝမ်းကျောင်းပညာရေးကဏ္ဍတွင် အနာဂတ်ဖွံ့ဖြိုးမှုအလားအလာကောင်းများကို
ဆောင်ရွက်ထားရှိမှုအခြေအနေဖြင့် ပုံမှန်ပညာမသင်ယူနိုင်သော ထိခိုက်လွယ်အုပ်စုတွင် ပါဝင်သည့်
လူငယ်လူရွယ်များကို အသက်မွေးဝမ်းကျောင်း ပညာသင်ကြားနိုင်ရန် ပညာသင်စရိတ် ချီးမြှင့်ငွေများကို
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ (၂၂)ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ
(၇)ဦး စုစုပေါင်း (၂၉)ဦးတို့အား ပေးအပ်မည်ဖြစ်ကြောင်းစသည်တို့ကို ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက
အသက်မွေးဝမ်းကျောင်း ပညာသင်စရိတ်ချီးမြှင့်ငွေများအား မြို့နယ်များမှ ပုံမှန်ပညာမသင်ယူနိုင်သော
ထိခိုက်လွယ်အုပ်စုတွင် ပါဝင်သည့် လူငယ်လူရွယ်များကို အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပုံမှန်ပညာမသင်ယူနိုင်သော ထိခိုက်လွယ်အုပ်စုတွင်
ပါဝင်သည့် လူငယ်လူရွယ်များကိုယ်စား လူငယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးစိုးသိန်းနှင့်အဖွဲ့က တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း
သိရသည်။
No comments:
Post a Comment