နေပြည်တော် ဖေဖော်ဝါရီ ၂၀
၂၀၂၆ ခုနှစ်၊ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၃၂)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ(က)အဆင့်နှင့် (ခ)အဆင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းစစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု ရဲတီးဝိုင်းအသင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်းအသင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်းအသင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြုအမှတ်(၂) စစ်တီးဝိုင်းအသင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်းအသင်းနှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၂) စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ စစ်တီးဝိုင်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကျင်းပရေးကော်မတီမှ တပ်မတော်အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။







No comments:
Post a Comment