Tuesday, December 2, 2025

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တွံတေးမြို့နယ်၊ ကွင်းပေါက်ချောင်းစပ်မှရွှေမုယင်းငါးကန်များသို့ဆက်သွယ်သောလမ်း (၂/၀) မိုင် ဂဝံလမ်းခင်းခြင်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကွင်းပေါက်ချောင်းစပ်မှ ရွှေမုယင်းငါးကန်များသို့ ဆက်သွယ်သောလမ်း (၂/၀) မိုင် အကျယ် (၁၆)ပေ ဂဝံလမ်းခင်းခြင်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးသည်။





ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကွင်းပေါက်ချောင်းစပ်မှ ရွှေမုယင်းငါးကန်များသို့ ဆက်သွယ်သောလမ်း (၂/၀)မိုင် အကျယ်(၁၆)ပေဂဝံလမ်းခင်းခြင်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တံတားအတက်အဆင်းများ ပြေပြစ်စေရေးဆောင်ရွက်ရန်၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်နှင့် လုပ်ငန်းများအား အချိန်မီပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရန်စသည်တို့ကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား မော်တော်ယာဥ်ပေါ်မှ လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် ရှင်းလင်းဆောင်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်ဇော်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ရွှေမုယင်းငါးကန်များမှ ထွက်ရှိသော ငါးများအား ရွှေပိတောက်ငါးဈေးသို့ ရောင်းချရန်အတွက် အအေးခန်းကားဖြင့် တင်ပို့သယ်ယူပို့ဆောင်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)

No comments:

Post a Comment