Tuesday, December 2, 2025

(၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အပြီးသတ်ကစားသမား ၂၃ ဦးရွေးချယ်


ရန်ကုန် ဒီဇင်ဘာ ၁

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။

ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ- ဦးကြည်လွင်၊ နည်းပြချုပ်- ယုကီတက် ဆုရို(ဂျပန်)၊ လက်ထောက်နည်းပြ- ဒေါ်သက်သက်ဝင်း၊ ဒေါ်စန်းစန်းသိန်း၊ ဒေါ်သူဇာထွေး၊ ဂိုးနည်းပြ- ဦးစိန်အေး၊ အားကစားသမားများအဖြစ် ဂိုးသမား-မျိုးမြမြငြိမ်း (သစ္စာအားမာန်)၊ ဇူးလတ်နဒီ (အား/ကာသိပ္ပံ)၊ အိစန္ဒာဇော် (ဧရာဝတီ)၊ နောက်တန်း-ဇွန်ယုယဦး (ဧရာဝတီ)၊ ဖြူဖွေး (ရန်ကုန်ယူနိုက်တက်)၊ ယုယုနိုင် (ရန်ကုန်ယူနိုက်တက်)၊ လင်းလဲ့ဦး (အား/ကာသိပ္ပံ)၊ သန်းသန်းနွယ် (အား/ကာသိပ္ပံ)၊ နှင်းပွင့်အေး (အား/ကာသိပ္ပံ)၊ မေသက်မွန်မြင့် (သစ္စာအားမာန်)၊ အလယ်တန်း-လင်းမြင့်မိုရ် (အား/ကာသိပ္ပံ)၊ ဖြူဖြူဝင်း (ဧရာဝတီ)၊ နော်ထက်ထက်ဝေ (ဧရာဝတီ)၊ ခင်မိုမိုထွန်း (သစ္စာအားမာန်)၊ ဝင်းဝင်း (သစ္စာအားမာန်)၊ ရွှေရည်ထွန်း (အား/ကာသိပ္ပံ)၊ ခင်မာလာထွန်း (အား/ကာသိပ္ပံ)၊ ရူပါခိုင် (ရှမ်းယူနိုက်တက်)၊ ယွန်းဝတီလှိုင် (ရန်ကုန်ယူနိုက်တက်)၊ ရှေ့တန်း-ဝင်းသိင်္ဂီထွန်း (ဆာဘား-မလေးရှား)၊ စန်းသော်သော် (ဧရာဝတီ)၊ မြတ်နိုးခင် (သစ္စာ အားမာန်)၊ မေထက်လူ (SFVFC-အမေရိကန်)တို့ ပါဝင်ကြသည်။

ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု(A)တွင် အိမ်ရှင်ထိုင်း၊ တီမော၊ အင်ဒိုနီးရှား၊ အုပ်စု(B)တွင် လက်ရှိ ချန်ပီယံ ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် မလေးရှားအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဒီဇင်ဘာ ၅ ရက်တွင် ဖိလစ်ပိုင်အသင်း၊ ဒီဇင်ဘာ ၈ ရက်တွင် မလေးရှားအသင်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MFF

No comments:

Post a Comment