နေပြည်တော် နိုဝင်ဘာ ၁၁
မျက်မှောက်ကာလတွင်
ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်
အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏
ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ ‘‘ပြည်သူ့ကြားကပြည်သူ့စကား’’ အစီအစဉ်မှ “အကြမ်းဖက်
PDF အဖွဲ့ မိုင်းခွဲဖျက်ဆီးလိုက်တဲ့ ဧရာဝတီတံတား (ရတနာသိင်္ဂ)”
ခေါင်းစဉ်ဖြင့် ၁၂-၁၁-၂၀၂၅ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။
လာမည့်အပတ် ၁၉-၁၁-၂၀၂၅ ရက် မွန်းလွဲ ၁ နာရီတွင် “တိုင်းပြည်လည်းနာရသလို
ပြည်သူလည်းနာရတဲ့ အကြမ်းဖက်သမားတွေရဲ့ ဖောက်ခွဲဖျက်ဆီးသတ်ဖြတ်မှုများ”
ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးတင်ဆက်မည်ဖြစ်ပါသည်။ အထက်ပါအစီအစဉ်အား
အပတ်စဉ်ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူပရိသတ်များအနေဖြင့်
အပတ်စဉ် ကြာသပတေးနေ့တိုင်း နံနက် ၁၀ နာရီအချိန်မှ ၁၁ နာရီအတွင်း ဖုန်းနံပါတ်
၀၉-၈၉၉၀၉၉၅၈၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့်
ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ပါကြောင်းနှင့်
ပါဝင်လာသည့်ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား
လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
သတင်းစဉ်
No comments:
Post a Comment