အင်းစိန် ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်နှင့် ဒလမြို့နယ်တို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုများအား ကြည့်ရှုအားပေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်
ဦးစိုးသိန်းနှင့်အဖွဲ့က တွံတေးမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊
ပညာရတနာခန်းမတွင် သင်တန်းသား၊ သင်တန်းသူ (၁၀၅)ဦး တက်ရောက်သင်ကြားနေမှုများအားလည်းကောင်း၊ ဒလမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
သီရိဇေယျနော်ရထာခန်းမတွင် သင်တန်းသား၊ သင်တန်းသူ(၁၄၀)ဦး တက်ရောက်သင်ကြားနေမှုများအားလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသား၊
သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားသည်။
အဆိုပါသင်တန်းကို
ဇူလိုင်လ(၁၄)ရက်နေ့မှ ဇူလိုင်လ(၁၅)ရက်နေ့အထိ (၂)ရက်တာသင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်
ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက်များ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ
မဲရုံတွင် မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့်စမ်းသပ်ခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင်
စမ်းသပ်မဲပေးခြင်း၊ ကြိုတင်ပြင်ဆင်စမ်းသပ်ခြင်းများ၊ ရွေးကောက်ပွဲနေ့တွင် စမ်းသပ်မဲပေးခြင်း၊
အရန်စက်လဲလှယ်ခြင်း၊ မဲရေတွက်ခြင်း၊ အရေးပေါ်ကိစ္စရပ်များဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊
အသုံးပြုရမည့်ပုံစံများ ရှင်းလင်းခြင်းတို့ကို သင်တန်းသား၊ သင်တန်းသူများအား လက်တွေ့ကိုင်တွယ်လေ့ကျင့်စေခြင်း
စသည့်လုပ်ငန်းစဉ်များအား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
No comments:
Post a Comment