နေပြည်တော် ဇူလိုင် ၁၆
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက် သုခတော်ဝင်အိမ်ရာ၌ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက် က တိုက်အမှတ် (K-1)၊ အခန်း(၁၃) တွင် နေထိုင်သူ ဒေါ်စန္ဒာမိုးသည် ၎င်း၏နေအိမ်တိုက်ခန်းအတွင်းရှိ ဧည့်ခန်း၌ ဝမ်းဗိုက်ပတ်လည်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းပေးချက်အရ သွားရောက်စစ်ဆေးရာ ဒေါ်စန္ဒာမိုးမှာ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ပြီး တရားခံများကို ပျဉ်းမနားခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့သည်။
တရားခံများအား
ပျဉ်းမနားခရိုင်တရားရုံး၏ ရာဇဝတ်ကြီးမှု အမှတ် ၆၄/၂၀၂၄ ဖြင့် လက်ခံစစ်ဆေးပြီး
တရားခံ (၁) မျိုးမင်းထွန်း၊ (၂) ဖြိုးသက်ပိုင် (ခ) ကိုဖြိုး၊ (၃) ရဲလင်းဦး (ခ)
ရဲရဲ (ခ) ကိုရဲနှင့် (၄) ဖြိုးဝေလင်း (ခ) ကရင်တို့ လေးဦးအပေါ် ရာဇသတ်ကြီးပုဒ်မ
၃၀၂(၁)(ခ)/၃၄ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် သေဒဏ်၊ (၁)(၂)(၃)
တရားခံတို့အား ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရလည်းကောင်း၊ (၄) တရားခံသည် ရာဇသတ်ကြီး ပုဒ်မ
၃၉၄/၁၀၉ အရလည်းကောင်း ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် အလုပ်နှင့် ထောင်ဒဏ်အနှစ်
၂၀ စီ ကျခံစေရန် ပျဉ်းမနားခရိုင်တရားရုံးမှ ၂၀၂၅ ခုနှစ် ဇူလိုင် ၇ ရက်တွင်
အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment