Thursday, July 17, 2025

“အချစ်ရဲ့မိုး” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်


နေပြည်တော် ဇူလိုင် ၁၆

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန် ရည်ရွယ်ပြီး Friday Night Live Show တေးဂီတ ဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ “အချစ်ရဲ့မိုး” တေးဂီတဖျော်ဖြေပွဲကို ဇူလိုင် ၁၈ ရက် သောကြာနေ့ ည ၉ နာရီခန့်၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

အဆိုပါတေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော်တေးသံရှင်များ ဖြစ်ကြသည့် ရသ၊ D ဖြိုး၊ ဒုံချပ်၊ စောရက်စတာ၊ ဂျင်းနီ၊ နန်းခင်ဇေယျာ၊ မေသူခိုင်ငြိမ်း၊ လွန်းရွှေရည်သာ၊ မိုးဖူးဖူးခင်နှင့် မိုးပြည့်ပြည့်ခင်တို့က ငြိုးမာန်ဖွဲ့တိမ်ညိုဆင်ပြီး လျှပ်တပြက်မိုးခြိမ်းသံပေးကာ အဆက်မပြတ်ရွာသွန်းဖြိုးသည့် ဝါဆိုမိုးနှင့် အစိမ်း​ရောင်လွှမ်းခြုံသည့် မိုးရာသီမြင်ကွင်းများနှင့်အတူ ရင်ကိုထိမှန်စေမည့်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

အချစ်ရဲ့မိုး” တေးဂီတဖျော်ဖြေပွဲကို MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်ပြီး MRTV App Entertainment Sector နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်၍ တစ်ချိန်တည်း ဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် ဇူလိုင် ၂၀ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် MRTV HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment