ရန်ကုန် ဇူလိုင် ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ ၂၀၂၅ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင်၊ သင်္ဃန်းကျွန်းခရိုင်နှင့် လှည်းကူးခရိုင်တို့ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဦးစွာ
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးစေတီတော်အတွင်းရှိ ဒဂုံသီရိ
ဘေးမဲ့ငါး လွှတ်ကန် ကန်ဘောင်ဘေး၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပရာ
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့်
ဦးဇော်ဇော်နိုင် (ဟိန္ဒူဘာသာ)၊ ဒေါက်တာတူးတူး (ခရစ်ယာန်ဘာသာ)၊ ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ)၊
အထွေထွေအတွင်းရေးမှူး ဦးဇွဲရန်နိုင်နှင့် ဗဟိုကော်မတီအတွင်းရေးမှူးများ၊
ဗဟိုအထောက်အကူပြုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊
ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးဘုန်းမြင့်နှင့် တိုင်းအလုပ်အမှုဆောင်များ၊
ခရိုင်အသီးသီးမှဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်
ညွှန်ကြားရေးမှူး၊ သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ
တက်ရောက်ကြသည်။
ထို့နောက်
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့်
အဖွဲ့ဝင်များက ကံ့ကော်ပင်များကို စိုက်ပျိုးပေးကြပြီး (ဗဟို) အလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီးဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
အဖွဲ့ဝင်များက ကံ့ကော်ပင်၊ ခရေပင်နှင့် တည်ကြီးပင် ပျိုးပင်ပေါင်း ၃၀၀ ကို
တပျော်တပါး စုပေါင်းစိုက်ပျိုးကြသည်။
ဆက်လက်၍
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သုဝဏ္ဏမြို့ဦး ဆုတောင်းပြည့်စေတီတော်ဝင်းအတွင်း၌
မည်စည်ပင်၊ ငါးဆူပင်စသည့်ပျိုးပင် ပေါင်း ၂၀၀ ကို စိုက်ပျိုးကြသည်။
အလားတူ
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် ဖားအောက်တောရရိပ်သာဝင်းအတွင်း၌ ရန်ကုန်တိုင်းဒေသကြီး
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြင့်နှင့်တာဝန်ရှိသူများ၊ ခရိုင်၊
မြို့နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အဖွဲ့ဝင်များက ကံ့ကော်ပင်၊ ခရေပင်၊ သပြေဘူတပင်၊
ပိတောက်ပင်၊ ပျဉ်းကတိုးပင် ပျိုးပင်ပေါင်း ၃၀၀ ကို စိုက်ပျိုးခဲ့ကြောင်းသိရသည်။
သတင်းစဉ်
No comments:
Post a Comment