Saturday, September 4, 2021

အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် အရာတော်မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ



အရာ​တော် စက်တင်ဘာ


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာ​တော်မြို့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပရဟိတအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အ​​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန​၊ အစည်းအ​ဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်က အဖွင့်အမှာစကား ပြောကြားရာတွင် တပ်မတော်မှ နိုင်ငံတော်အာဏာကို အခြေအနေအရ ခေတ္တထိမ်းထားခြင်းဖြစ်ကြောင်း၊ နိုင်ငံ​တော်အာဏာကို ထာဝရချုပ်ကိုင်သွားမည် မဟုတ်ဘဲ ယခုအခါ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကိုရှေ့ရှုဆောင်ရွက်လျက်ရှိပြီး နိုင်ငံ​တော်တည်ငြိမ်အေးချမ်း သွားသည်နှင့် တပြိုင်နက် လွတ်လပ်ပြီး တရားမျှတသော ရွှေးကောက်ပွဲ ကျင်းပပေးကာ အနိုင်ရပါတီအား နိုင်ငံတော်အာဏာကို လွှဲ​ပြောင်း​ပေးအပ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်လျက်ရှိသည့် ဆူပူအကြမ်းဖက်​နေမှု ဖြစ်စဉ်များ​ကြောင့် နယ်​မြေလုံခြုံ​ရေးဆိုင်ရာ ကိစ္စရပ်များအား တိုးမြှင့်​ဆောင်ရွက်​နေသည့် အ​​ခြေအ​နေများကို ရှင်းလင်းပြောကြားသည်။

ထို့​နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်မှ အရာ​တော်မြို့နယ်၏ ​ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးပြည့်ဖြိုးအောင်မှ လုံခြုံရေး ဆောင်ရွက်​​နေမှု အ​ခြေအ​နေများ၊ မြို့မိမြို့ဖ ဦး​ကျော်ဝင်းက မြို့အ​ခြေအ​နေများ၊  မြို့နယ်စည်ပင် အမှု​ဆောင်အရာရှိဒေါ်ဝါဝါ​ဆွေက မြို့သန့်ရှင်းသာယာ​ရေး​ ဆောင်ရွက်နေမှုများ၊ မြို့နယ်ပြည်သူ့ ကျန်းမာ​ရေး ဦးစီးဌာနမှူးဒေါက်တာထင်​ကျော်က ကျန်းမာ​ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လက်​ထောက်ဆရာဝန် လိုအပ်​နေမှု အ​ခြေအ​နေများကို တင်ပြခဲ့ပြီး နယ်​မြေခံတပ်ရင်း ဗိုလ်မှူးကြီးမြင့်နိုင်ဦးက လတ်တ​လော ဖြစ်​ပေါ်​နေ​သော အခြေအ​နေများကို ခြုံငုံသုံးသပ် ​ဆွေး​နွေးတင်ပြခဲ့ရာ တိုင်းမှူးမှ တင်ပြချက်များကို ပြန်လည် ဆွေးနွေးကာ လိုအပ်ချက်များကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တင်ပြကူညီ​ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားသို့ အရာ​တော်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ပရဟိတအဖွဲ့များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီး၌ တိုင်းမှူးက အရာတော်မြို့နယ် ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာ​ရေး ဝန်ထမ်းများအတွက် စားသောက်စရာများ ​ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူမျာက လက်ခံရယူ ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


No comments:

Post a Comment