ပွင့်ဖြူ ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၁-၂၀၂၂ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ဇွန်လ(၁၀)ရက်နေ့က စတင်ပြီး မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေး လျက်ရှိရာ ယခု ဩဂုတ်(၃၁)ရက်နေ့အထိ ဒေသခံတောင်သူ ဦးရေ စုစုပေါင်း ၇၁၄ ဦးအား ချေးငွေကျပ်ပေါင်း ၅၆၁၀၅၀၀၀၀ ထုတ်ချေးပေးပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော် ထံက သိရသည်။
ထိုသို့ တောင်သူများထံ စိုက်ပျိုးစရိတ်ချေးငွေများ
ထုတ်ချေးပေးရာတွင် ယခင်နှစ်က ထုတ်ချေးခဲ့သော စိုက်ပျိုးစရိတ် ချေးငွေ ပြေကြေစွာ ပြန်လည်ပေးဆပ်သည့်
တောင်သူများကိုသာ ထုတ်ချေးပေးခြင်းဖြစ်ပြီး ချေးငွေပြန်လည် ပေးဆပ်မှုအပေါ်မူတည်၍ ကျန်ရှိသည့်
တောင်သူများကိုလည်း ဆက်လက် ထုတ်ချေး ပေးမည်ဖြစ်ကြောင်း၊ ချေးငွေများ ထုတ်ချေးရာ၌ ကိုဗစ်-၁၉ရောဂါ
ကူးစက်မှု မဖြစ်စေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ
တောင်သူ တစ်ဦးချင်းအလိုက် ရုံးအတွင်းမဝင်မီ လက်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း စနစ်တကျ
တပ်ဆင်ပြီးမှသာ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့်
၂၀၂၁ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရမည့် ကျေးရွာအုပ်စု(၅၁)အုပ်စုရှိပြီး
အဆိုပါ ကျေးရွာအုပ်စုများမှ ဒေသခံ တောင်သူများကို ဇွန်လ(၁၀)ရက်နေ့မှ စတင်၍ မိုးစပါးသီးနှံစိုက်ပျိုးရန်အတွက်
တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံ
စိုက်ပျိုးရန်အတွက် တစ်ဧကငွေကျပ် တစ်သိန်းနှုန်း ထုတ်ချေးပေးခြင်း ဖြစ်ပြီး ယနေ့အထိ
ကျေးရွာအုပ်စု(၁၂)အုပ်စုမှ တောင်သူဦးရေပေါင်း ၇၁၄ ဦးအား စပါးသီးနှံ ၃၄၇၇ ဧကနှင့် နှမ်းသီးနှံ
၃၉၅ ဧကအတွက် စုစုပေါင်းချေးငွေကျပ် ၅၆၁၀၅၀၀၀၀ ထုတ်ချေးပေးထားပြီးဖြစ် ကြောင်း၊ ကျန်ရှိသည့်ကျေးရွာများမှ
ဒေသခံတောင်သူများကိုလည်း မိုးသီးနှံအဆင်ပြေစွာ စိုက်ပျိုး သွားနိုင်ရေးအတွက် ဆက်လက်ထုတ်ချေး
ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ
ဦးစန်းသော် က ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)

No comments:
Post a Comment