နေပြည်တော် ဇွန် ၆
၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ
အောင်စာရင်းကို ဇွန် ၈ ရက် (စနေနေ့) နံနက် ၆ နာရီတွင်
တစ်နိုင်ငံလုံးအတွက် တစ်ပြိုင်တည်း တစ်ရက်တည်း အပြီး ထုတ်ပြန်
ကြေညာသွားမည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တိုင်းဒေသကြီး/ ပြည်နယ်
များရှိ စာစစ်ဌာနများမှ အောင်မြင်ကြသူများအတွက် ယခင်နှစ်များကအတိုင်း
အောင်စာရင်းထွက်သည့် နေ့တွင် မြန်မာ့အသံ(ရေဒီယို)
တိုင်းရင်းသားအစီအစဉ်များမှ နံနက် ၆ နာရီတွင် စတင်ထုတ်လွှင့်
ကြေညာပေးမည်ကြောင်း သိရသည်။ ထုတ်လွှင့်ပေးမည့် စာစစ်ဌာနများမှာ-
ကချင်ပြည်နယ်မှ ဆင်ဘို၊ တနိုင်း၊ ရှင်ဗွေယန်၊ ချီဖွေ၊ ခတ်ချို၊ ဆဒုံး၊ မိုင်းနား၊ ဖားကန့်၊ ကာမိုင်း၊ ဆိပ်မူ၊ တာမခန်၊ လုံးခင်း၊ ဒေါ့ဖုန်းယန်၊ လွယ်ဂျယ်၊ ပူတာအို၊ ဒုတ္တန်၊ လေယာဉ်ကွင်း၊ ဆွမ်ပရာဘွမ်၊ မချမ်းဘောနှင့် နောင်မွန် စာစစ်ဌာန၊ ကယားပြည်နယ်မှ ရှားတော၊ ဒီးမော့ဆို၊ ဒေါငံခါး၊ နန်းမယ်ခုံ၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စဲ့ စာစစ်ဌာ၊ ကရင်ပြည်နယ်မှ လိပ်သို၊ ဖာပွန်၊ ကမမောင်း၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ၊ တံခွန်တိုင်၊ ခလယ်နှင့် သင်္ဃန်းညီနောင် စာစစ်ဌာန၊ ချင်းပြည်နယ်မှ ရိခေါဒါးရ်၊ ကျီခါး၊ ခိုင်ကမ်း၊ ထုတ်လိုင်၊ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေး၊ မတူပီ၊ လိုင်လင်းပီ၊ ရေဇွာ၊ လုံငိုး၊ ပလက်ဝနှင့် ဆမီးစာစစ်ဌာန၊ ရခိုင်ပြည်နယ်မှ သဝင်ချောင်း၊ လက်ပံပြား၊ စေတီပြင်၊ လောင်းချောင်း၊ ကူတောင်၊ ဇီးကိုင်း၊ စစ်တော၊ ကပိုင်ချောင်း၊ ကွမ်းချောင်း၊ ဇင်ချောင်း၊ ဂုံးချွိန်၊ မင်းပြင်၊ မာန်အောင်၊ ဇရပ်ကုန်းခင်၊ ကမား၊ ဂွ၊ ကျိန္တလီ၊ ဆပ်သွား၊ မောင်တော၊ ဘူးသီး တောင်၊ စေတီတောင်နှင့် လက်ဝဲဒက် ပုဇွန်ချောင်း စာစစ်ဌာန၊ ရှမ်း ပြည်နယ်(အရှေ့ပိုင်း) မှ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံနှင့် မိုင်းပျင်း စာစစ်ဌာန၊ ရှမ်းပြည် နယ်(မြောက်)မှ ကွမ်းလုံ၊ ဟိုပန်၊ လောက်ကိုင်၊ နမ့်ဆန်(မ)၊ မန်တုံ၊ မိုးမိတ်၊ မကျည်းပင်၊ မဘိမ်းနှင့် ငါးအိုးစာစစ်ဌာန၊ ရှမ်းပြည်နယ်(တောင်)မှ ပင်ခွန်၊ တင်းတက်၊ ဆောင်းပြောင်း၊ ကွန်ဟိန်း၊ မိုင်းကိုင်၊ ကျေးသီး မံစံ၊ မိုင်းနောင်၊ မိုင်းရှူး၊ ဝမ်ကန်၊ မိုင်းပန်၊ တုန်ဟုန်းနှင့် မောက်မယ်စာစစ်ဌာန၊ တနင်္သာရီ တိုင်း ဒေသကြီးမှ မေတ္တာ၊ ကတ္တလူ၊ စခန်းသစ်၊ ကံမော်၊ သဇင်၊ ပုလော၊ ရှပ်ပုံ၊ ပလောက်၊ ပလ၊ ဘုတ်ပြင်းနှင့် ပြည်ကြီးမဏ္ဍိုင်စာစစ်ဌာန၊ မကွေးတိုင်းဒေသကြီးမ ပေါက်၊ စသိန်း၊ ဇီးပြား၊ ကိုင်းလယ်၊ ရေပြာ၊ သရက္ကန်၊ ကမ်းပျို၊ နံ့သာ၊ စေတုတ္တရာ၊ ဘူး၊ တန့်လည်ကျင်း၊ ငဖဲ၊ ပဒါန်း၊ ထီးလင်း၊ ညောင်ကန်၊ ဆေးမင်းတော၊ ကျင်းရွာ၊ ရေမျက်နီ၊ ဆော၊ ကျောက်ထု၊ တပြင်း၊ ကံကြီးနှင့် လောင်းရှည် စာစစ်ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မော်လိုက်၊ ကင်းတပ်၊ ပန်းသာ၊ ဖောင်းပြင်၊ မင်းယား၊ သရောင်း၊ ရေအောက်တောင်း၊ လေရှီး၊ ဆွမ္မရာ၊ လဟယ်၊ နန်းယွန်းနှင့် ပန်ဆောင်စာစစ်ဌာန၊ ရန်ကုန်တိုင်း ဒေသကြီးမှ ကိုကိုးကျွန်းစာစစ်ဌာန၊ အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ကြေညာချက် များကို မြန်မာနိုင်ငံ အထက်ပိုင်းဒေသရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော စာစစ်ဌာနများအတွက် လှိုင်းတို ၅၀ ဒသမ ၇၁ မီတာ (၅၉၁၅ ကီလိုဟက်ဇ်)နှင့် လှိုင်းတို ၃၀ ဒသမ ၈၅ မီတာ ( ၉၇၃၀ ကီလိုဟက်ဇ်) တို့မှ လည်းကောင်း၊ မြန်မာနိုင်ငံ အောက်ပိုင်းဒေသရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ သော စာစစ်ဌာနများအတွက် လှိုင်းလတ် ၄၁၁ ဒသမ ၅၂ မီတာ (၇၂၉ ကီလိုဟက်ဇ်)မှ လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းရင်းသား ဒေသအသီးသီးရှိ မြန်မာ့အသံ FM Radio တိုင်းရင်း သားဘာသာ အစီအစဉ် များတွင် လည်းကောင်း၊ ဖမ်းယူနားဆင်နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment