Friday, June 7, 2019

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်


နေပြည်တော် ဇွန် ၆

မောင်တော မြို့နယ်၊ နယ်မြေ(၃)၊ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ ကျီးကျွန်း ရဲကင်းစခန်းမှ ရဲအုပ် မြတ်ဇော်ဦး ဦးစီးတပ်ဖွဲ့ဝင်များသည် ဇွန် ၅ ရက် နံနက် ပိုင်းတွင် ရေယာဉ် တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်း အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ် (၀၀၂) ပါ ၂ စီး ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ အမှတ်(၂) နယ်ခြား စောင့်တပ် Whykong BOP ကင်းစခန်းမှ Subedar Md, Najrul Islam ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် စက်တပ်ရေယာဉ် ၂ စီး၊ စုစုပေါင်း ၄ စီး တို့သည် နတ်မြစ် မြစ်လယ်ရှိ နှစ်နိုင်ငံ နယ်နိမိတ် ပြူးမချောင်းဝအနီး ရေမိုင် အမှတ်(၁၅) မှ သဲချောင်းချောင်းဝထိပ် ရေမိုင်အမှတ်(၁၈) အနီးထိ နတ်မြစ်ကြောင်း အတိုင်း နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ ရေမိုင်ကင်း လှည့်ခဲ့ပြီး ရေယာဉ် အမှတ်(၀၀၂)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့် အဖွဲ့ များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

(ရဲပြန်ကြား)

No comments:

Post a Comment