Sunday, September 30, 2018

ဗီဇာဖြေလျှော့ပေး မည့်အစီအစဉ်အရ ဝင်ရောက်လာကြမည့် ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ် နိုင်ငံသားများ အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်



ရန်ကုန် စက်တင်ဘာ ၃၀
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်သည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အောက်တိုဘာ(၁)ရက်မှ စတင်၍ ဗီဇာဖြေ လျော့မှုတို့ဖြင့် ဝင်ရောက် လာမည့် ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံသား ကမ္ဘာလှည့် ခရီးသွားများ လွယ်ကူလျှင်မြန်စွာ ဝင်ရောက် နိုင်ရေးနှင့် ၎င်းကမ္ဘာလှည့်ခရီးသွားများကို ကြိုဆိုမည့် အခမ်းအနား ပြုလုပ်မည့်အစီအစဉ်၊ နေရာတို့ကိုကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ရန်ကုန် - မြိတ်လမ်းပေါ်ရှိ ပဲဒက် တံတားဖွင့်ပွဲနှင့် ဝင်းဝတံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်



နေပြည်တော် စက်တင်ဘာ ၃၀
လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် တနင်္သာရီ တိုင်းဒေသကြီး ၊ သရက်ချောင်းမြို့နယ်၊ ရန်ကုန်- မြိတ် လမ်းပေါ်ရှိ ပဲဒက်တံတားနှင့် ဝင်းဝတံတား ဖွင့်ပွဲ အခမ်းအနားကို   ယနေ့နံနက်ပိုင်းတွင် တစ်ပြိုင်တည်းကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တက်ရောက် ဖွင့်လှစ်ပေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အမေရိကန်ပြည်ထောင်စုတွင် ဆွေးနွေးပွဲများ တက်ရောက်




နေပြည်တော် စက်တင်ဘာ ၃၀
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့သည် စက်တင်ဘာ ၂၇ ရက်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ပညာရေး ကော်မရှင်(The Education Commission) က ကျင်းပသော ပညာရေးလုပ်ငန်း ကြိုးပမ်းမှုအစီအစဉ် အဆင့်မြင့် ဦးဆောင်အဖွဲ့၏ ဒုတိယအကြိမ် အစည်း အဝေးသို့ တက်ရောက်ကာ ပညာရေးလုပ်ငန်းအဖွဲ့ အစီရင်ခံစာကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်းနှင့် သုတေသန အစီအစဉ်များအပေါ် နည်းဗျူဟာဆိုင်ရာ လမ်းညွှန်မှုရေးဆွဲခြင်း များကို ပါဝင်ဆွေးနွေးကာ ပညာရေး မြှင့်တင်မှုလုပ်ငန်းများအတွက် ဦးစားပေးနယ်ပယ်များနှင့် အကောင် အထည်ဖော်ဆောင် ရွက်နေမှု အခြေ အနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ရုပ်ရှင်ဇာတ်ကား ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း အခမ်း အနားသို့ တက်ရောက် အမှာစကားပြောကြား



 ရန်ကုန် စက်တင်ဘာ ၃၀
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ရုပ်ရှင် ဇာတ်ကားအပေါ် ခွဲခြမ်း စိတ်ဖြာ လေ့လာခြင်း (Film Analysis) အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့  ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား လမ်း အမှတ်(၅၀) ရှိ ရုပ်ရှင်အနုပညာရပ်ဝန်းမှ ရုပ်ရှင်ပြခန်းမ၌ ကျင်းပရာ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်  တက်ရောက်အမှာစကားပြောကြားသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရိဒ်ခေါဒါရ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ရေး စီမံကိန်းတို့အား ကြည့်ရှုစစ်ဆေး



ဖလမ်း စက်တင်ဘာ ၃၀
နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ကလေးမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ် ၀န်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးအောင်ထူး၊ ဦးကျော်လင်း၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မော်တော်ယာဉ်များဖြင့် တီးတိန်မြို့နယ် လိုင်တွီးကျေးရွာသို့ ရောက်ရှိကြရာ လိုင်တွီးကျေးရွာ ဒေသခံများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

Saturday, September 29, 2018

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးစာကြည့်တိုက်အား လူထုအခြေပြုဗဟိုဌာနအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်




မော်လမြိုင် -  စက်တင်ဘာ  ၂၉

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မော်လမြိုင်ခရိုင်ရုံး စာကြည့်တိုက်အား လူထုအခြေပြုဗဟိုဌာန (Community Centre) အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းနှင့် ရွေ့လျားစာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မော်လမြိုင်မြို့ရှိ အဆိုပါရုံးနေရာ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ


နေပြည်တော်-စက်တင်ဘာ ၂၉

(၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Michael R. Pompeo နှင့်  နယူးယောက်မြို့ရှိ Lotte New York Palace Hotel ၌ စက်တင်ဘာ ၂၇ ရက် ဒေသစံတော်ချိန်  ညနေ ၅ နာရီခန့်တွင် တွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးနှင့် အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီးအဆင့် အစည်းအဝေးများသို့ တက်ရောက်




နေပြည်တော် - စက်တင်ဘာ ၂၉

(၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိ သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ ကိုယ်ခွဲခေါင်းဆောင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ကုလသမဂ္ဂဌာနချုပ်၌ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေး (Informal ASEAN Foreign Ministers’ Meeting – IAMM) သို့ တက်ရောက်သည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မူးမြစ်ကူးတံတား (ရေဦး)စီမံကိန်း၊ ရေဦး-ကလေးဝလမ်း နှင့် ကလေးဝ-တမူး လမ်းပေါ်ရှိ တံတား(၆၉)စင်း အဆင့်မြှင်တင်ခြင်းလုပ်ငန်း၊ ရာဇဂြိုဟ်ဆည်နှင့် တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေးစခန်းတို့အား ကြည့်ရှုစစ်ဆေး




ကလေး စက်တင်ဘာ ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးအောင်ထူး၊ ဦးကျော်လင်းတို့နှင့်အတူ စက်တင်ဘာ ၂၇ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ရောက်ရှိကြသည်။

နေ့စဉ်မိုးလေဝသသတင်း


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

Friday, September 28, 2018

ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နှင့် မကာအိုတို့မှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ကမ္ဘာလှည့် ခရီးသည်များအား ပြည်ဝင်ဗီဇာဖြေလျော့မှုကို စမ်းသပ်ကာလ (၁) နှစ် သတ်မှတ်၍ အောက်တိုဘာ (၁) ရက်တွင် စတင်ဆောင်ရွက်ပေးမည်


နေပြည်တော်၊ စက်တင်ဘာ  ၂၈
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ ပိုမိုဝင်ရောက်လာရေးနှင့် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ လာရောက်မည့် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နှင့် မကာအိုတို့မှ သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ကမ္ဘာလှည့်ခရီးသည်များအား ၂၀၁၈ ခုနှစ် အောက်တိုဘာ(၁) ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ(၃၀)ရက်အထိ စမ်းသပ်ကာလ (၁)နှစ်သတ်မှတ်၍ ပြည်ဝင်ဗီဇာ ဆိုင်ရာဖြေလျော့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လူထုပညာပေး ပြပွဲကျင်းပ


နေပြည်တော် စက်တင်ဘာ ၂၈
အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လူထုပညာပေးပြပွဲ (၂၀၁၈) အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်၌ကျင်းပသည်။

အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တက်ရောက်


နေပြည်တော် စက်တင်ဘာ ၂၈
(၇၃)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့၌ ရောက်ရှိနေသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီတွင် နယူးယောက်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပသည့် အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေး (Informal ASEAN-US Ministerial Meeting) သို့ တက်ရောက်သည်။

မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် အလုပ်သမား ၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အလုပ်သမား ၆ ဦးအတွက် အာမခံကြေးနှင့် ကရုဏာကြေးပေးအပ်


နေပြည်တော် စက်တင်ဘာ ၂၈
Golden Royal Mandalay Services Co., Ltd မှ ထိုင်းနိုင်ငံ၊ Sukhonavason Co.,Ltd သို့သွားရောက် လုပ်ကိုင်ရန် ဧပြီ ၉ ရက်တွင် စေလွှတ်ခဲ့သည့် အလုပ်သမားများအနက် ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သည့် အလုပ်သမား ၅ ဦးအတွက် အာမခံကြေး၊ New Three Diamond Co., Ltd မှ ထိုင်းနိုင်ငံ၊ TKK Chanthaburi Food Co.,Ltd သို့ သြဂုတ်  ၃၁ ရက်တွင် စေလွှတ်ခဲ့သည့် အလုပ်သမား ၄၈ ဦးအနက် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် အလုပ်သမားတစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အလုပ်သမား တစ်ဦးအတွက် ကရုဏာကြေးပေးအပ်ပွဲကို နေပြည်တော်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့တွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၆/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကျင်းပ


နေပြည်တော် စက်တင်ဘာ ၂၈
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ် ဆွေးနွေးစိစစ်မှုပြုရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၆/၂၀၁၈)ကြိမ်မြောက် အစည်းအဝေးကို ယနေ့တွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell နှင့် တွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၂၈
(၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ရန် အမေရိကန် ပြည်ထောင်စု၌ ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် အမေရိကန်အထက်လွှတ်တော်အမတ် Majority Leader Mitch McConnell နှင့် စက်တင်ဘာ ၂၆ ရက်က ဝါရှင်တန်ရှိ U.S. Capitol တွင် တွေ့ဆုံသည်။

၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပ


နေပြည်တော် စက်တင်ဘာ ၂၈
၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ ဂုဏ်ပြု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂  ၌ ကျင်းပသည်။  

ဒုတိယသမ္မတ ဦးမြင့်ဆွေ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


နေပြည်တော်၊ စက်တင်ဘာ၂၈
အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် ညိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

နေ့စဉ်မိုးလေဝသသတင်း


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးအားတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၂၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး သည် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Mr. Knut Ostby အား နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ နံနက်ပိုင်းက တွေ့ဆုံသည်။

နေ့စဉ်မိုးလေဝသသတင်း



မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက အနောက်တောင်မုတ်သုံလေသည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် မြန်မာနိုင်ငံမြစ်ဝကျွန်း ပေါ်ဒေသများမှ ဆုတ်ခွာခဲ့ပြီးဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကချင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဗန်းမော်မြို့တွင် (၁.၉၃)လက်မ၊ မချမ်းဘောမြို့တွင် (၀.၇၉)လက်မ၊ မတူပီမြို့တွင် (၀.၇၁)လက်မ၊ ထားဝယ်မြို့ တွင် (၀.၄၇) လက်မ၊ ကသာမြို့နှင့် တောင်တွင်းကြီးမြို့တို့တွင် (၀.၄၃)လက်မစီနှင့် ပူတာအိုမြို့တွင် (၀.၃၉) လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ ကျန် ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
Image may contain: outdoor 
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာ ကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးညှင်းမြို့တွင်ကျင်းပမည့် ကလေးစာပေပွဲတော်တွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းများ လည်းခင်းကျင်း ပြသသွားမည်


မိုးညှင်း စက်တင်ဘာ ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် အောက်တိုဘာလ အတွင်းကျင်းမည့် ကလေးစာပေ ပွဲတော်တွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ပြသမည့် ပြခန်းများလည်း ခင်းကျင်းပြသ သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံး အပူချိန်နှင့် မိုးရေချိန်


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့တိုင်းထွာ ရရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံး အပူချိန်နှင့် မိုးရေချိန်များ ဖြစ်ပါသည်။

(MOI)

မြစ်သားမြို့၌ အမျိုးသမီးကော်မတီမှ အသိပညာပေးဟောပြော



မြစ်သား စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ကျောက်ဆည်ခရိုင် အမျိုးသမီးကော်မတီက အသိပညာပေးဟောပြောပွဲကို အမှတ်(၇)အထည်စက်ရုံ၏ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂နာရီက ဟောပြောခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြာပွဲသို့ ကျောက်ဆည်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်စိုးနှင့် ခရိုင် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မြစ်သားမြို့နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် အဖွဲ့ဝင်များ၊ အမှတ်(၇) အထည်စက်ရုံမှ လုပ်သားများ တက်ရောက်ကြသည်။

ထိုသို့ဟောပြာရာတွင် ကျောက်ဆည်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်စိုးက အဖွင့် အမှာစကားပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဒေါ်သီတာလွင်က သက်ငယ် မုဒိမ်းကာကွယ်ရေးကို လည်းကောင်း၊ ဒေါက်တာ မင်းထက်စိုးက HIVနှင့်AIDSရောဂါ သိကောင်းစရာများကို လည်းကောင်း၊ မြစ်သားမြို့မရဲစခန်းမှ ရဲအုပ်ဇော်မိုးက မှုခင်းကျဆင်းရေးကို လည်းကောင်း၊ ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံလှက အလုပ်သမား အကျိုးခံစားခွင့်များကို လည်းကောင်း၊ ပလိပ်ရဲကင်းစခန်းမှူး ရဲအုပ်လှညွန့်က အမျိုးသမီးများကို ကာကွယ်ပေးသည့် ဥပဒေများကို လည်းကောင်း ဟောပြောဆွေးနွေးကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

သရက်မြို့တွင် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲ ပြုလုပ်


 
သရက် စက်တင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် ဧရာဝတီမြစ် အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို စက်တင်ဘာ(၂၆) နံနက်(၈)နာရီက ဧရာဝတီမြစ်ကမ်းနား ဇက်ဆိပ်တွင် ကျင်းပခဲ့သည်။

အသက် ၁၄နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ကျား/မဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား မိုင်းဖြတ်၌ကျင်းပ


မိုင်းဖြတ် ၊ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မြို့နယ်ပညာရေးမှူးဖလား အသက်(၁၄)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ၊ ကျား/မဘောလုံးပြိုင်ပွဲအား စက်တင်ဘာလ ၁၉ ရက်နေ့မှ ယှဉ်ပြိုင်ကစားခဲ့ရာ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့ အထိမ်းအမှတ် လယ်တာကောင်း ကျောင်းမှ ကျောင်းသား/သူများ နို့တိုက်ကျွေး


မလှိုင် စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့အထိမ်းအမှတ်အဖြစ် နွားနို့တိုက်ကျွေးခြင်းကို မလှိုင်မြို့ နယ်၊ လယ်တာကောင်းကျေးရွာ အလယ်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။

နှလုံးသားတိုင်း ကျန်းမာစေချင်


၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့သည် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့၏ ဆောင်ပုဒ်မှာ အင်္ဂလိပ် ဘာသာဖြင့် “My Heart, Your Heart” ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း ကမ္ဘာနှင့်တစ်ဝန်း နှလုံးကျန်းမာရေးလှုပ်ရှားမှုနှင့်အညီ ပါဝင်ဆောင်ရွက် လျက်ရှိပါသည်။ နှလုံးသွေးကြော ရောဂါကြောင့် နှစ်စဉ်လူဦးရေ ၁၇ ဒသမ ၅ သန်း အချိန်မတိုင်မီ အသက်ဆုံးရှုံးကြရပြီး ၂ဝ၃ဝ ပြည့်နှစ်တွင်မူ သေဆုံးမှုဦးရေ ၂၃ သန်းအထိ မြင့်တက်သွားနိုင်သည်ဟု ခန့်မှန်းထားကြသည်။ အသက် ၃ဝ မှ ၇ဝ နှစ်အကြားရှိ လူများ၏သေဆုံးမှုတွင် ဆယ်ဦးလျှင် တစ်ဦးမှာ နှလုံးသွေးကြောရောဂါကြောင့် အသက်ဆုံးရှုံး နေရပြီး သေဆုံးမှု အားလုံး၏ ၃၁ ရာခိုင်နှုန်းသည် နှလုံးသွေးကြော ရောဂါကြောင့် ဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းခြင်းနှင့် ဥပဒေ


မောင်စာဂ
၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့်လက်ရှိ လွှတ်တော်သက်တမ်း၏ ဒုတိယအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကာလ နီးကပ်လာပါပြီ၊ ရက်ပေါင်း ၃၀ လောက်သာလိုတော့သည်။ ရွေးကောက်ပွဲ မကျင်းပမီ ကာလ၊ ရွေးကောက်ပွဲ ကျင်းပနေစဉ်ကာလများတွင် ဆောင်ရွက်ရန်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည်များကို ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တည်ထောင်ခြင်း နှစ် (၃၀)ပြည့် အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ


 
ရန်ကုန် စက်တင်ဘာ ၂၇

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တည်ထောင်ခြင်း နှစ် (၃၀)ပြည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး (ဗဟိုဌာနချုပ်)၌ ကျင်းပသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များစုပေါင်း၍ ဆေးရုံသုံးပစ္စည်းများ လှူဒါန်း




နေပြည်တော် စက်တင်ဘာ ၂၇

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များစုပေါင်း၍ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံ ကြီးရှိ သူနာပြုခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်ပြည်သူ့ ဆေးရုံအုပ်ကြီး ပါမောက္ခချုပ် ဒေါက်တာရီရီမြင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဗီယက်နမ်နိုင်ငံသမ္မတ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းတွင် လက်မှတ်ရေးထိုး




နေပြည်တော် စက်တင်ဘာ ၂၇

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ ကိုယ်စားလှယ်အဖြစ် စက်တင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁ဝ မိနစ်တွင် ဟနွိုင်းမြို့ရှိ အမျိုးသားဈာပနခန်းမ၌ ကျင်းပပြုလုပ်သည့် ကွယ်လွန်သူ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ကျန်ဒိုင်ကွမ်အား ဂါရဝပြုအခမ်းအနားသို့ တက်ရောက် ခဲ့ပြီး ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

သဘာဝမကျတဲ့ ဈေးတက်မှုကိုတော့ ခေါ်ယူဆွေးနွေးပြီး ထိန်းသိမ်းသင့်တဲ့အပိုင်းတွေကို လိုအပ်ရင် နိုင်ငံတော်အပိုင်းက လုပ်စေချင်တယ်




ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်နိုင်ငံ ဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့၏ ကုန်သွယ်ရေး ယှဉ်ပြိုင်မှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ငွေကြေးမတည် ငြိမ်မှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ဂယက်ကြောင့် မြန်မာနိုင်ငံတွင်လည်း ဒေါ်လာဈေး မြင့်တက်လာခြင်းနှင့် အတူ ရွှေဈေး၊ ပြည်တွင်းရှိ စက်သုံးဆီ ဈေး၊ အခြေခံ စားသောက်ကုန်ဈေးနှုန်း များနှင့် ဆေးဝါးများပါလိုက်ပါ မြင့်တက်လာခဲ့သည့်အပြင် ဒေါ်လာဈေး ကစားသူများကြောင့် ငွေကြေး မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။

တီဘီရောဂါတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက် မိန့်ခွန်းပြောကြား



နေပြည်တော် စက်တင်ဘာ ၂၇

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် (၇၃)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်နေစဉ်အတွင်း စက်တင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအထိ ကုလသမဂ္ဂ ဌာနချုပ်၌ “United to End Tuberculosis: An Urgent Global Response to a Global Epidemic” ခေါင်းစဉ်ဖြင့် ကျင်းပသည့် တီဘီရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေး (High-level Meeting) သို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

နိုင်ငံတော် ပြတင်းတစ်ပေါက်စနစ် ဦးဆောင်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


ရန်ကုန် စက်တင်ဘာ ၂၇
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အလျောက် အဖွဲ့ဝင်နိုင်ငံ များအကြား ချိတ်ဆက်အသုံးပြုမည့် အာဆီယံ ပြတင်းတစ်ပေါက်စနစ်သို့ ဝင်ရောက် ချိတ်ဆက် အသုံးပြုနိုင်ရေး၊ နိုင်ငံတော် ပြတင်းတစ်ပေါက်စနစ် (National Single Window) ပေါ်ပေါက် လာစေရေးအတွက် ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၂၆ ရက်က နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။

အာဆီယံဆု လျှောက်ထားနိုင်သည့် ရက် တိုးမြှင့် သတ်မှတ်



၁။ အာဆီယံဆုအတွက် လျှောက်လွှာတင်သွင်းနိုင်သည့်ရက်ကို မူလ သတ်မှတ်ခဲ့သော ၂၇-၉-၂၀၁၈ ရက်နေ့အစား ၃-၁၀-၂၀၁၈ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ထားပါကြောင်း အသိပေးအပ်ပါသည်။

နျူကလီးယားလက်နက်ပိတ်ပင်တားဆီးရေးဆိုင်ရာစာချုပ်တွင် မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုး




နေပြည်တော် စက်တင်ဘာ ၂၇

(၇၃)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကိုယ်ခွဲခေါင်းဆောင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် နယူးယောက်မြို့ ၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြုလုပ်သော ၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ချုပ်ဆိုပွဲ အခမ်းအနား (2018 Treaty Event) သို့ တက်ရောက်ခဲ့ပြီး နျူကလီးယားလက်နက် ပိတ်ပင် တားဆီးရေး ဆိုင်ရာ စာချုပ် (Treaty on the Prohibition of Nuclear Weapons- TPNW) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရကိုယ်စား လက်မှတ်ရေးထိုးခဲ့သည်။

FAO မှ နည်းပညာအကူအညီပေးမည့်လုပ်ငန်းများ စတင်ဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုး


 
နေပြည်တော် စက်တင်ဘာ ၂၇

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့FAO မှ နည်းပညာ အကူ အညီပေးမည့်လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက် ရန်အတွက် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို စက်တင်ဘာ ၂၅ ရက်က နေပြည်တော် Park Royal Hotel ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက် သည်။

မကူးစက်နိုင်သော ရောဂါများကာကွယ်နှိမ်နှင်းရေးလုပ်ငန်းဆိုင်ရာ အသိပေးဆွေးနွေးပွဲကျင်းပ


ထားဝယ် စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အဆင့် မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းဆိုင်ရာ အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၀၉း၀၀ နာရီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံစီးပွားခရီးသွားဖြင့် ကြိုးပမ်းတိုးမြှင့် ကမ္ဘာအဆင့်ခေါင်းစဉ်ဖြင့် စီးပွားရေး စကားဝိုင်းကျင်းပ





ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့်ပတ်သက်၍ ''နိုင်ငံစီးပွားခရီးသွားဖြင့် ကြိုးပမ်းတိုးမြှင့် ကမ္ဘာအဆင့်'' ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ရာ အဆိုပါစကားဝိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒေါ်ခင်သန်းဝင်း (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန)၊ ဒေါ်မေမြတ်မွန်ဝင်း (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း)၊ ဦးခင်ဇော် (အကြံပေး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်)၊ ဦးသက်လွင်တိုး (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း)နှင့် ဦးအောင်မျိုးမင်းဒင် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း) တို့က ပါဝင်ဆွေးနွေးကြသည်။

Submission Deadline for ASEAN Prize extended



SUBMISSIONS for ASEAN Prize are extended until 3-10- 2018 instead of 27-9-2018. The ASEAN Secretariat is calling for nominations for the first ASEAN Prize, which aims to recognize inspiring achievements and contributions of an individual or organization that foster the ASEAN identity, pro-mote the ASEAN spirit, and champion the ASEAN way in designated focus areas such as;

Deputy Minister U Aung Hla Tun receives Nathan Associates Vice President and Chief of Party


 
Deputy Minister for Information U Aung Hla Tun received US-based Nathan Associates Vice President Ms. Jaleen Moroney and Chief of Party Mr. Steve Parker at the Ministry of Information yesterday morning.

Tatmadaw (Army, Navy, Air) families and donors donate hospital equipment to Yangon General Hospital


 
TATMADAW (Army, Navy, Air) families and donors jointly donated hospital equipment to Yangon People’s Hospital at the nurse hall of the hospital yesterday morning. Present at the event were Commander-in-Chief of Defence Services Senior General Min Aung Hlaing and wife Daw Kyu Kyu Hla, high ranking officers from Commander-in-Chief Office, Commander of Yangon Command Maj-Gen Thet Pon, Yangon People’s Hospital superintendent Prof. Dr. Yi Yi Myint, departmental officials, donors, doctors and nurses from the hospital.

Myanmar National Portal launched in Nay Pyi Taw



Union Minister for Transport and Communications U Thant Sin Maung delivered the opening address at the launching ceremony of Myanmar National Portal, held at the Hilton Hotel in Nay Pyi Taw’s hotel zone yesterday morning.

Local, foreign media continue reporting in Maungtaw


 
A GROUP comprised of local and foreign media toured villages in Maungtaw Township, Rakhine State, yesterday.

Seminar on business and human rights held




A seminar on business and human rights was jointly held by the Myanmar National Human Rights Commission (MNHRC)and the United Nations Development Programme (UNDP) at Park Royal Hotel in Nay Pyi Taw yesterday morning.

Analyzing the Report of the Investigation Commission for Maungdaw



Formation of Investigation Commission

In order to assess the background that led to violent attacks in October 2016 in Maungdaw, northern Rakhine State, and study the prevailing situation as well as to avoid the recurrence of similar incidents in future, the Government formed the Investigation Commission led by Vice-President U Myint Swe on 1 December 2016.

Union Minister U Kyaw Tin calls for adjusting TB elimination efforts, investment



UNION Minister for International Cooperation U Kyaw Tin has called for adjusting efforts for elimination of TB and investment in the drive globally.

Myanmar signs Treaty on the Prohibition of Nuclear Weapons


 
H.E. U Kyaw Tin, Union Minister for International Cooperation of the Republic of the Union of Myanmar, attending the 73rd United Nations General Assembly, signed the Treaty on the Prohibition of Nuclear Weapons, on behalf of the Government of the Republic of the Union of Myanmar, at the High-Level ceremony on the Treaty on the Prohibition of Nuclear Weapons, on 26 September 2018, during the United Nations Treaty Event 2018.

Union Minister signs book of condolences for President of Viet Nam


 
As a Representative of the Government of the Republic of the Union of Myanmar, U Thaung Tun, Union Minister for the Office of the Union Government, attended the Respect-Paying Ceremony to H.E. Mr. Tran Dai Quang, the late President of the Socialist Republic of Viet Nam, held at the National Funeral Hall in Ha Noi on 26 September 2018 at local time 14:10 hrs and signed in the Condolences Book.

Vice President U Henry Van Thio addresses World Tourism Day 2018 ceremony




Vice President U Henry Van Thio, Chairman of the Central Committee for the Development of National Tourism Industry, delivered an address at the World Tourism Day – 2018 ceremony held at Thingaha Hotel, Nay Pyi Taw hotel zone, yesterday morning.

Vice President U Myint Swe signs book of condolences for President of Viet Nam


 
Vice President U Myint Swe signed the book of condolences for Socialist Republic of Viet Nam President, Politburo permanent member Mr. Tran Dai Quang at the embassy of Viet Nam in Yangon yesterday.

Depreciation of Myanmar Kyat



Analyzing the depreciation of Myanmar Kyat, although it started with the external impacts, the domestic factors that include, but are not limited to, weak economic fundamentals and structural issues have significant impacts on the exchange rate. Looking at trade, the trade deficit was US$3.8 billion in 2017-18 and it is actually lower than previous years.

Thursday, September 27, 2018

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ကြားရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော် စက်တင်ဘာ ၂၇
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ကြားရေးအဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ တွေ့ဆုံသည်။

ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့ ရွှေဇားနှင့် ပန်းတောပြင် ကျေးရွာများသို့ ကွင်းဆင်းလေ့လာ


စစ်တွေ စက်တင်ဘာ၂၇
ရခိုင်ပြည်နယ် စစ်တွေမြို့၌ရောက်ရှိနေသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့နယ် အင်းဒင်ကျေးရွာသို့ ရောက်ရှိကြပြီး အကြမ်း ဖက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်း သတင်းရယူကြသည်။

စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပခြင်း


နေပြည်တော် စက်တင်ဘာ ၂၇
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာရပ် ဆိုင်ရာဆွေးနွေးပွဲ ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ၊ Park Royal Hotel ၌ ကျင်းပသည်။

ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း အမေရိကန်ပြည်ထောင်စု အခြေစိုက် Nathan Associates မှ Vice President နှင့် Chief of Party တို့အား လက်ခံတွေ့ဆုံ


 နေပြည်တော် စက်တင်ဘာ ၂၇

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းသည် အမေရိကန် ပြည်ထောင်စုအခြေစိုက် Nathan Associates မှ Vice President ဖြစ်သူ Ms.Jaleen Moroney နှင့် Chief of Party ဖြစ်သူ Mr.Steve Parker တို့အား ယနေ့နံနက်(၉)နာရီ တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H . E . Mr . Jukr Boon - Long အား လက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၂၇
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H . E . Mr . Jukr Boon - Long အား ယနေ့ နံနက်၉ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ဒုတိယသမ္မတဦးမြင့်ဆွေ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ ကွယ်လွန်ခြင်း အတွက် ၀မ်းနည်းကြောင်း မှတ်တမ်းတွင် လက်မှတ်ရေးထိုး



ရန်ကုန်၊ စက်တင်ဘာ ၂၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတဦးမြင့်ဆွေသည် ယနေ့ နံနက် ၁၁ နာရီက ရန်ကုန် တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကျောက်ကုန်းလမ်းရှိ ဗီယက်နမ်နိုင်ငံ သံရုံးသို့ သွားရောက်၍ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသမ္မတ၊ ပေါ်လစ်ဗျူရိုအမြဲ တမ်းကော်မတီအဖွဲ့ဝင် မစ္စတာ ကျန်ဒိုက်ကွမ်း ကွယ်လွန်ခြင်း အတွက် ၀မ်းနည်းကြောင်း မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံသမ္မတ၊ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင် မစ္စတာ ကျန်ဒိုက်ကွမ်း သည် ပြင်းထန်သည့် အဖျားဒဏ်ကြောင့် ဟနွိုင်း ဆေးရုံတွင် စက်တင်ဘာ ၂၁ ရက်ကကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၁၆ ခုနစ်တွင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပြီး ကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ် ရှိပြီဖြစ်သည်။
သမ္မတ မစ္စတာ ကျန်ဒိုက်ကွမ်း ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ် နိုင်ငံသံရုံးတွင် စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်များတွင် ပူဆွေးသော ကာလအဖြစ် သတ်မှတ်ထားပြီး ၀မ်းနည်းကြောင်း မှတ်တမ်း လက်မှတ်ရေးထိုး လိုသူများအတွက် မှတ်တမ်း ဖွင့်လှစ်ထားမည် ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)
photos : Myanmar President Office