Home

Thursday, December 22, 2016

(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မော်လမြိုင်       ဒီဇင်ဘာ     ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်    ပညာရေးဌာနတို့ ပူးပေါင်း၍  (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အလယ်တန်းအဆင့် ကျပန်း စကားပြောပြိုင်ပွဲကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီက မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ပြည်သူ့ စာကြည်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင်  ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးစိုးပိုင်က အမှာစကား ပြောကြားပြီး  ခရိုင်ပြန်/ဆက်ဦးစီးမှူး  ဒေါ်ဝါဝါလွင်က  ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲတွင် မော်လမြိုင်မြို့ အ.ထ.က(ခွဲ)နှင့် အ.ထ.က   ကျောင်းမှ ကျောင်းသား/ ကျောင်းသူ ၁၃ ဦး ပါဝင်ယှဉ်ပြိုင်ပြီး  ဆုရ ကျောင်းသား/ ကျောင်းသူ များအား မြို့နယ် လက်ထောက်ပညာရေးမှူး ဦးလှမိုး၊ မြို့နယ်စာရေးဆရာအသင်း ဒုဥက္ကဌ ဦးတင်အောင်စန်းနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်) 

No comments:

Post a Comment