Friday, December 5, 2025

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ အမျိုးသားအားကစားပြိုင်ပွဲရုံ () ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီးရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ ဘင်ခရာအဖွဲ့များမှ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။




ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းအား ဘင်ခရာအဖွဲ့များက အလေးပြုကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။ ၎င်းနောက် ဘင်ခရာပြိုင်ပွဲဝင် အဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ဘင်ခရာပြိုင်ပွဲ အုပ်စု (က) နှင့် အုပ်စု (ခ) တို့တွင် ပထမဆုမှ ပဥ္စမဆုအထိ ကျိုင်းဆုရရှိသူများ၊ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသည့် ဘင်ခရာအဖွဲ့များနှင့် ဘင်ခရာအကဲဖြတ်ဒိုင်လူကြီးများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီးရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် ဘင်ခရာအဖွဲ့များက “မြန်မာ့ကျောင်း” သီချင်းဖြင့် သံပြိုင်တီခတ်သီဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ယင်းနောက် အဖွဲ့လိုက်အမှတ်အများဆုံးရရှိသည့် ဘင်ခရာအဖွဲ့ (၂) ဖွဲ့က စွမ်းရည်ပြသခဲ့သည်။ အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲကို ဒီဇင်ဘာလ () ရက်နေ့မှ ဒီဇင်ဘာလ () ရက်နေ့အထိ ပြိုင်ပွဲဝင်ဘင်ခရာအဖွဲ့ (၂၄) ဖွဲ့ဖြင့် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)

No comments:

Post a Comment