ရန်ကုန် ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂ဝ၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု (၁ဝ) ကီလိုမီတာ (အမျိုးသား/အမျိုးသမီး) အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးစိုးသိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက
သေနတ်ပစ်ဖောက်၍ တာလွတ်ပေးရာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ အမျိုးသားအားကစား
ပြိုင်ပွဲရုံ (၁) ရှေ့မှ ဝေဇာယန္တာလမ်းအတိုင်း ပါရမီလမ်းဆုံးအထိ (အသွားအပြန်)
(၁၀) ကီလိုမီတာ (အမျိုးသား/အမျိုးသမီး)
အပြေးပြိုင်ပွဲဝင်များက ယှဉ်ပြိုင်ကြသည်။
ထို့နောက်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က အပြေးပြိုင်ပွဲဝင်တွင် ပန်းဝင်လာသည့် အားကစားသမားများအား
ကြိုဆိုကြသည်။
ယင်းနောက် ၂ဝ၂၅ ခုနှစ်
ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု (၁ဝ) ကီလိုမီတာ (အမျိုးသား/ အမျိုးသမီး)
အပြေးပြိုင်ပွဲတွင် ဆုရရှိသူများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဆုများ အသီးသီးချီးမြှင့်ကြသည်။
အဆိုပါအပြေးပြိုင်ပွဲတွင်
၁၄ နှစ်အောက် (အမျိုးသား/အမျိုးသမီး)၊ ၁၈ နှစ်အောက်နှင့်အထက် (အမျိုးသား/အမျိုးသမီး)
ပြိုင်ပွဲတို့တွင် ပြိုင်ပွဲဝင်အားကစားသမားများက ပါဝင်ဆင်နွဲယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
No comments:
Post a Comment