နေပြည်တော် မေ ၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်ရှိ ဆုံရွာကျေးရွာကို ယနေ့နံနက်ပိုင်းက PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာနေဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၂ ဦးသေဆုံးခဲ့ပြီး အမျိုးသားငါးဦး၊ အမျိုးသမီးကိုးဦး စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့သည်။
ထို့ပြင် ကျေးရွာအတွင်း စစ်ရေးနှင့်မသက်ဆိုင်သည့် အေးချမ်းစွာနေလိုသည့် အပြစ်မဲ့ပြည်သူများ၏ အိုးအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ်အလုံး ၅၀ ခန့် မီးလောင်ဆုံးရှုံးခဲ့မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ယနေ့နေ့လယ်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့မှ တာဝန်ရှိသူများက PDF အမည်ခံ အကြမ်းဖက်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့် နေအိမ်ဆုံးရှုံးခဲ့ရသည့် ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားသည်။
ထို့နောက် ကျေးရွာရှိ ပြည်သူ များအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် အလှူငွေကျပ် ၃၄၆ သိန်းနှင့် ငွေကျပ် သိန်း ၁၀၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ တို့ကိုလည်းကောင်း၊ တိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၅၀ နှင့် ဆန် ၂၅ အိတ်၊ ဆီ ပိဿာ ၅၀၊ ပဲ ပိဿာ ၅၀၊ ဆား ၂၅ ပိဿာတို့ကို လည်းကောင်း ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment