နေပြည်တော် ဇန်နဝါရီ ၁၁
သစ်တောဦးစီးဌာန ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၈) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန စုဝေးခန်းမ ရေဆင်း၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက
သစ်တောထိန်းသိမ်းရေး၊ သစ်တောများ စီမံ အုပ်ချုပ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
မူဝါဒ၊ ရည်မှန်းချက်များ ချမှတ် ဆောင်ရွက်လျက်ရှိရာ မြန်မာ့သစ်တောစီမံအုပ်ချုပ်မှု၏
ခရိုင်အဆင့် Forest Management Unit တွင် တာဝန်ယူဆောင်ရွက်နေကြသည့်
ခရိုင်သစ်တောအရာရှိများအနေဖြင့် သစ်တော သယံဇာတများကို အကောင်းဆုံး စီမံခန့်ခွဲနိုင်စေရန်၊
လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် ဌာနလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအတိုင်း
လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း။
နိုင်ငံတော်၏ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရန်နှင့်
ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးအတွက် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ခြင်း
စီမံကိန်းနှင့် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်
စီမံကိန်းများကို အောင်မြင်အောင် အထူးအလေးထားဆောင်ရွက်ရန် လိုအပ်သလို ခွင့်ပြုရန်ပုံ
ငွေများကိုလည်း ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျသုံးစွဲကြရန် မှာကြား
လိုကြောင်း၊ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများ၊
သဘာဝထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ ဖွဲ့စည်းရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊
ပုဂ္ဂလိက စိုက်ခင်းတည်ထောင်ခြင်း လုပ်ငန်းများတွင် လုပ်ထုံးလုပ်နည်း၊ စာချုပ်ပါစည်းကမ်းများနှင့်အညီ
လိုက်နာစေရန် ခရိုင် တာဝန်ခံများက အနီးကပ် ကြီးကြပ်ကွပ်ကဲသွားရန်လိုကြောင်း၊ ၂၀၂၂ ခုနှစ်
ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ တရားမဝင်သစ်ကျွန်း ၄၅၄၉ တန်၊ သစ်မာနှင့်အခြား ၆၉၂၆ တန်
ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ် တားဆီးကာကွယ်ရေးအား အရှိန်အဟုန်ဖြင့်
ဆက်လက် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ခရိုင်တာဝန်ခံများအနေဖြင့် ဝန်ထမ်းကောင်းတစ်ဦး၏
လိုအပ် ချက်ဖြစ်သည့် စိတ်ဓာတ်နှင့်
ခံယူချက်၊ အတွေးအခေါ်နှင့် စိတ်နေစိတ်ထား၊ ကျင့်ဝတ် သိက္ခာတို့နှင့်ပြည့်စုံစေပြီး
နိုင်ငံအကျိုး၊ ဌာနအကျိုးကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ဆောင်ရွက်နိုင်သူများဖြစ်အောင်
အလေးထားကြိုးစားကြရန် မှာကြားလိုကြောင်း ပြောကြား သည်။
အခမ်းအနားသို့ ဒုတိယ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်နှင့်
တာဝန်ရှိသူများ၊ ခရိုင်အဆင့် သင်တန်းသား ၂၀ တက်ရောက်ပြီး အဆိုပါ သင်တန်းအား ဇန်နဝါရီ
၁၁ ရက်မှ ၂၄ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment