မြစ်ကြီးနား ဇန်နဝါရီ ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့ နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ အထင်ကရနေရာများသို့ သွားရောက် လေ့လာကြပြီး ကချင်အနုပညာရှင်အသင်းချုပ် ဗဟိုကော်မတီရုံး၌ ကချင်တိုင်းရင်းသားတို့၏ အနုပညာလုပ်ငန်းများ တိုးတက်အောင်မြင်လာစေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ကြသည်။
ဖူးမြော်ကြည်ညို
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အဖွဲ့ဝင်
Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းတို့နှင့်အတူ
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ ဦးမောင်မောင်အုန်း၊
ဦးလှမိုး၊ ဦးသောင်းဟန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဦးမျိုးသန့်၊
ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် နှင့် ဦးဇော်အေးမောင်၊
တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်
ဝန်ကြီးများသည် ဝိုင်းမော်မြို့နယ် မိုင်းနား
ကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ကမ်းဘေး ရွှေမိုးတောင်ပေါ်ရှိ ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ
ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ကြပြီး
စေတီတော်အား လက်ယာရစ်လှည့်လည်ပူဇော်၍ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြကာ
စေတီတော်ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများ ဆက်ကပ်လှူဒါန်း ကြသည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း
ဧရာဝတီမြစ်ကမ်းဘေးရှိ ကရိန်နော် အပန်းဖြေရိပ်သာသို့ သွားရောက်ပြီး အပန်းဖြေရိပ်သာအတွင်း
အပန်းဖြေရိပ်သာ ထူထောင်ခဲ့သူ ဒူဝါကရိန်နော်၏ မှတ်တမ်းဓာတ်ပုံများနှင့် အပန်းဖြေရိပ်သာအတွင်း
လှည့်လည်ကြည့်ရှု ကြသည်။
ထို့နောက် မြစ်ကြီးနားတက္ကသိုလ်သို့ ရောက်ရှိပြီး
ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ
တက္ကသိုလ်သန့်ရှင်း သာယာလှပမှု၊ မိန်းလမ်းမကြီးတစ်လျှောက် လမ်းလယ်ကျွန်းများတွင် ပန်းပင်များစိုက်ပျိုးထားရှိမှုနှင့်
ဘွဲ့နှင်း သဘင်ခန်းမတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများ ဘော်လီဘော၊
ဖူဆယ်ဘောလုံး အားကစားနည်းများ လေ့ကျင့်ကစားနိုင်ရေးအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီးက အားကစား အထောက်အကူပြုပစ္စည်းများ ကူညီဖြည့်ဆည်းပေးနိုင်ရေး
ပေါင်းစပ်ညှိနှိုင်းပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊
ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းသို့သွားရောက်ပြီး
မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး
တွေ့ဆုံနှုတ်ဆက်ပြီး မနောအိမ်တော်ရှေ့ နှင့် မနောကွင်းအတွင်း၌ စုပေါင်းမှတ်တမ်းတင်
ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ အဆိုပါ မနောကွင်းအတွင်းရှိ ကချင်အနုပညာရှင်များအသင်းချုပ်
ဗဟိုကော်မတီရုံးသို့ သွားရောက်ပြီး ကချင်အနုပညာရှင်များအသင်း ဥက္ကဋ္ဌ ဒါရိုက်တာ
JZ ဒေါင်လွမ်း၊ အသင်းရုံး တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး မိတ်ဆက်တွေ့ဆုံကာ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကချင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်
အလှအပများ၊ တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံများနှင့် ပြည်နယ်၏ဂုဏ်ကို ဖော်ကျူးသည့်ဇာတ်လမ်းများ
ရိုက်ကူးထုတ်လုပ်နိုင်ရေး၊ မျိုးဆက်သစ်တိုင်းရင်းသား အနုပညာရှင်များ မွေးထုတ်နိုင်ရေး
ညှိနှိုင်းပေါင်းစပ် ဆွေးနွေးကြကာ အသင်းအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်
ပြည်ထောင်စုဝန်ကြီးများသည် တပ်မတော်အထူးလေယာဉ်ဖြင့် နန်ပေါင်လေဆိပ်မှ ပြန်လည်ထွက်ခွာရာ
ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်
ဇနီးများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်
ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာ
ယဉ်ကျေးမှုအဖွဲ့များက လိုက်ပါနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)



No comments:
Post a Comment