နေပြည်တော် ဇန်နဝါရီ ၁၂
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအခြေအနေများကြောင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှစ၍ ယာယီပိတ်ထားခဲ့ရသည်။
အဆိုပါတံတားအား ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်ခြမ်းမှ
ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ
တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊
ထိုင်းနိုင်ငံဘက်ခြမ်းမှ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး Somchai Kitcharea Mrungroj၊
ထိုင်း - မြန်မာ မြို့နယ်အဆင့် နယ်ခြားကော်မတီဥက္ကဋ္ဌ (မဲဆောက်) ဗိုလ်မှူးကြီးဖုန်စထာန်နစ်ဖရာ့နှင့်
ဌာနဆိုင်ရာတာဝန်ရှိသူများက မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားအလယ်ရှိ နယ်ခြားမျဉ်း၌
ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ယနေ့နံနက် ၈ နာရီခွဲမှစ၍ နှစ်နိုင်ငံနယ်စပ်ရှိ ပြည်သူများက
အမှတ်(၁)ချစ်ကြည်ရေးတံတားအား ဖြတ်သန်းသွားလာလျက်ရှိကြောင်းနှင့် ကုန်စည်စီးဆင်မှုများလည်း
ပိုမိုလျှင်မြန်ချောမွေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment