မန္တလေး မေ ၁၆
၂၀၂၂ခုနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ အခမ်းအနားကို မန္တလာသီရိအားကစားကွင်း ဘက်စုံသုံး အားကစားခန်းမတွင် ယနေ့နံနက်(၈)နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင်
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အဖွင့်မိန့်ခွန်းပြောကြားသည်။
ထို့နောက်
ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အားကစားသမားများအား
လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
၂၀၂၂ခုနှစ်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ
ပွဲစဉ်များတွင် (အမျိုးသား) အုပ်စု(က)တွင် ကျောက်ဆည်ခရိုင်၊ ရမည်းသင်းခရိုင်၊ညောင်ဦးခရိုင်၊မန္တလေးခရိုင်၊
အုပ်စု(ခ)တွင် ပြင်ဦးလွင်ခရိုင်၊ မိထ္ထီလာခရိုင်၊ မြင်းခြံခရိုင်နှင့် အမျိုးသမီးအုပ်စု(က)
ပွဲစဉ်များတွင် မန္တလေးခရိုင်၊ မိထ္ထီလာခရိုင်၊ မြင်းခြံခရိုင်၊ ပြင်ဦးလွင်ခရိုင်၊
အုပ်စု(ခ)တွင် ကျောက်ဆည်ခရိုင်၊ ညောင်ဦးခရိုင်၊ ရမည်းသင်းခရိုင်များက ပွဲစဉ်အလိုက်
ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေး(ပြန်/ဆက်)


No comments:
Post a Comment