ဘားအံ
မေ ၁၆
အလားတူ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ
အမျိုးသား/အမျိုးသမီး အသက်(၂၅) နှစ်အောက် ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နံနက်
၈ နာရီခန့်က ဘားအံမြို့၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက
ထူးချွန်ထက်မြတ်သည့်ဘော်လီဘော အားက စားသမား ကောင်းများပေါ်ထွန်းလာစေရန်နှင့် ဇွန်လ
၁၆ ရက်နေ့မှ ၃၀ ရက်နေ့ထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲတွင်
အဆင့်အတန်းမီမီအောင်မြင် မှုဆွတ်ခူးနိုင်ရေးအတွက် ယခုပြိုင်ပွဲကိုကျင်းပ ပေးခြင်းဖြစ်ကြောင်း၊
ဘော်လီဘောအားကစားနည်း ဖြင့် ပြည်နယ်၏ဂုဏ်၊ နိုင်ငံ၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သူများ
ဖြစ်ကြစေလိုကြောင်း၊ မိမိတို့ကိုယ်စားပြုအသင်းအောင်မြင်မှုရရှိနိုင်ရေး ဥပဒေဘောင်အတွင်းမှ
ကြိုးစားယှဉ်ပြိုင်ကစားကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အမျိုးသား/အမျိုးသမီးဘော်လီဘော အသင်း (၁၄) သင်းအား ငွေကျပ်တစ်သိန်းစီကိုလည်းကောင်း၊ ကရင်ပြည်နယ်ဘော်လီဘော
အားကစားဆပ်ကော်မတီဒုတိယဥက္ကဋ္ဌဦးခင်ဇော်က တစ်မြို့နယ်လျှင်ငွေကျပ် နှစ်သိန်းနှုန်းဖြင့်
တစ်ဆယ့်လေးသိန်း ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ပြီး အဖွင့်ပွဲစဉ်အဖြစ် ဘားအံမြို့နယ်အမျိုးသား
အသင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အမျိုးသားအသင်း၊ ကော့ကရိတ် မြို့နယ်အမျိုးသမီးအသင်းနှင့်
ဖာပွန်မြို့နယ်အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားမှုအား ကြည့်ရှုအားပေးခဲ့ကြကာ အမျိုးသားပွဲစဉ်တွင်
ဘားအံမြို့နယ်အသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးပွဲစဉ်တွင် ဖာပွန်မြို့နယ်
အသင်း က နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲကို မေလ ၁၅ ရက်နေ့မှ
၁၉ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရဗိုလ်စွဲသည့်အသင်းနှင့် ထူးချွန်အားကစားသမားများအား
ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်ပေးသွား မည်ဖြစ် ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


No comments:
Post a Comment