နေပြည်တော် ဒီဇင်ဘာ ၁၅
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ CDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က
သေနတ်ဖြင့် ပစ်ခတ် ခဲ့၍ ဒဏ်ရာရရှိခဲ့သူ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဝင်းအား
ကလေးမြို့ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသရန်
လူနာတင်ယာဉ်ဖြင့် သွားရောက်စဉ် အဆိုပါအကြမ်းဖက်အဖွဲ့က လူနာတင်ယာဉ် အား ပစ်ခတ်တားဆီးကာ
ဦးစီးအရာရှိအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ကျင်မွှာရပ်ကွက်၌ အမျိုးသား ၁ ဦးသေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း
သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေး ခဲ့ရာ ကျင်မွှာရပ်ကွက်၊
ကလေး-ဖလမ်းကားလမ်း ဘေးရှိ “ထီးရိပ်ဆိုင်ခွဲ(၂)” လက်ဖက်ရည်ဆိုင်၌ ဖလမ်းမြို့ဆည်မြောင်းဦးစီးဌာနမှ
ဦးစီးအရာရှိ ဦးသန်းဝင်း (၅၇)နှစ် (ဘ)ဦးမြသောင်း သည် ၎င်း၏မိတ်ဆွေ ၁ ဦးနှင့်အတူ လက်ဖက်ရည်သောက်နေစဉ်
CDF အကြမ်းဖက်လက်နက်ကိုင် ၂ ဦးသည် ပစ္စတိုသေနတ်ကိုယ်စီကိုင်ဆောင်ရောက်ရှိလာပြီး ဦးသန်းဝင်း
အား သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ကာ ဦးသန်းဝင်းပိုင် 2F/6226 SURF မော်တော်ယာဉ်အား ယူဆောင်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း
တွေ့ရှိရပါသည်။
ထိုသို့ CDF အကြမ်းဖက်လက်နက်ကိုင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးသန်းဝင်းတွင် ဆီးခုံအထက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်ပြင်အောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ဝဲလက်မောင်းကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ စုစုပေါင်း သေနတ်ဒဏ်ရာ ၃ ချက်ရရှိခဲ့သဖြင့် ဆေးဝါး ကုသမှုခံယူနိုင်ရေး ဖလမ်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
ယနေ့ နံနက် ၁ နာရီခွဲအချိန်တွင် ဒဏ်ရာရရှိသူ
ဦးသန်းဝင်းအား ဖလမ်းမြို့ ပြည်သူ့ဆေးရုံမှ ကလေးမြို့ပြည်သူ့ ဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူနိုင်ရေး
ဦးငယ်ပီးမောင်းနှင်ပြီး ဦးဒုဆန်းလိုက်ပါ လာသော “ဖလမ်းလူငယ်အသင်း”ပိုင်
လူနာတင်ယာဉ် 5M/7803 ဖြင့် သယ်ဆောင် မောင်းနှင်လာစဉ် ဖလမ်းမြို့နယ်၊ ခေါလယ်လမ်းခွဲသို့အရောက်၌
CDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ အင်အား(စိစစ်ဆဲ)က လူနာတင်ယာဉ်အား လက်နက်ငယ်များဖြင့်
ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ယာဉ်အား ရပ်တန့်ကာ ဦးငယ်ပီးနှင့် ဦးဒုဆန်းတို့မှာ အသက်အန္တရာယ်မှ
လွတ်မြောက်နိုင်ရေး ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး လူနာတင်ယာဉ်ပေါ်တွင် ကျန်ရှိခဲ့သူ
ဦးသန်းဝင်းအား CDF အကြမ်းဖက်လက်နက် ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
CDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့၏လူနာတင်ယာဉ်အား
ပစ်ခတ်မှုဖြစ်စဉ်အတွင်း ယာဉ်မောင်း ဖြစ်သူ ဦးငယ်ပီးတွင် ယာလက်မောင်း၊ ယာလက်ပြင်နှင့်
ယာချိုင်းအောက်တို့တွင် လက်နက်ငယ် ထိမှန်ဒဏ်ရာ ၃ ချက် ရရှိခဲ့သဖြင့် လမ်ဘန်းတိုက်နယ်ဆေးရုံတွင်
တက်ရောက်ဆေးကုသမှုခံယူနေစဉ် CDF အကြမ်းဖက် လက်နက်ကိုင် ၃ ဦးရောက်ရှိလာပြီး ဦးငယ်ပီးနှင့်
ဦးဒုဆန်းတို့၏ လက်ကိုင်ဖုန်း များအား သိမ်းဆည်းသွား ခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် အကြမ်းဖက်လုပ်ရပ်များပြုလုပ်ခဲ့သူ၊
လူနာတင်ယာဉ်အား ဝိုင်းဝန်း အကြမ်းဖက် ပစ်ခတ်ခဲ့သူ CDF အကြမ်းဖက်လက်နက်ကိုင်များအား နယ်မြေခံတပ်မတော်စစ်ကြောင်း
များနှင့် ပူးပေါင်းကာ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
သတင်း ရရှိသည်။
ရဲပြန်ကြား
No comments:
Post a Comment