မြင့်မြတ်သစ္စာ
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းတွင်တည်ရှိပြီး မြောက်ဘက်တွင် ချင်းပြည်နယ်၊ တောင်ဘက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) နှင့် အနောက်ဘက်၌ ဘင်္ဂလား ပင်လယ်အော်တို့နှင့် ထိစပ်လျက်ရှိသည်။
အထူးသဖြင့် ပင်လယ်ကမ်းရိုးတန်း အရှည်
၄၄၃ မိုင် ပိုင်ဆိုင်ထားသော ရခိုင်ပြည်နယ်သည် နိုင်ငံ၏ အခြေခံ စားသောက်ကုန်ဖြစ်သော
ရေထွက်ကုန် အများဆုံးထွက်ရှိရာ ပြည်နယ်တစ်ခု အဖြစ် ဂုဏ်ယူဖွယ်ရပ်တည် လျက်ရှိ သည်။ ရခိုင်ပြည်နယ်သည်
ဧရိယာ ၁၄၂၀၀ ဒသမ ၀၈ စတုရန်းမိုင် ကျယ်ဝန်း ပြီး မြစ်၊ ချောင်းများပေါများသော ဒေသ ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးနှင့် ဆင်တူသော ပထဝီအနေအထားရှိပြီး အနောက်ရိုးမ(ရခိုင်ရိုးမ)သည်
ကမ်းရိုး တန်းတစ်လျှောက် မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိသည်။ မြောက်ဘက် ခြမ်းသည်
မြေပြန့်အသင့် အတင့်ရှိပြီး တောက်ဘက်ခြမ်းသည် ပင်လယ်နှင့် ရိုးမအကြားတွင် တည်ရှိသောကြောင့်
မြေပြင်အနေအထားမှာ ကျဉ်းမြောင်း သွားသည်။
ရေသယံဇာတပေါကြွယ်
ရခိုင်ပြည်နယ် မြောက်ဘက်ခြမ်း သည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သော
ကြောင့် ကုလားတန်မြစ်၊ လေးမြို့မြစ်၊ နတ်မြစ်၊ မေယုမြစ်နှင့် ထင်ရှားသော မြစ်ကြီးများအပြင်
ချောင်းများနှင့် ရေလက်ကြား ပေါများစွာ တည်ရှိသော ကြောင့် ရေချို၊ ရေငန်ရေသယံဇာတနှင့်
ငါး၊ ပုစွန် သယံဇာတ ပေါကြွယ်ဝသော ပြည်နယ်တစ်ခုလည်းဖြစ်သည်။ ပင်လယ်ပြင်နှင့်အတူ မြစ်၊
ချောင်း များ ပေါများသည့်အတွက် နိုင်ငံ၏ ရေထွက်ကုန် အများဆုံးထွက်ရှိရာ ဒေသတစ်ခုလည်း
ဖြစ်သည်။ ရခိုင် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည်နယ်ရုံးတစ်ရုံး၊ ခရိုင်ရုံးငါးရုံး၊
မြို့နယ်ရုံး ၁၃ ရုံး၊ မြို့နယ်ခွဲရုံးတစ်ရုံး၊ ရေငန်ပုစွန်သားပေါက်စခန်း လေးခု၊ ရေချို
ငါးသားပေါက်စခန်းနှစ်ခု၊ တစ်ပိုင် တစ်နိုင် ငါးသားဖောက်ရုံတစ်ရုံရှိပြီး ဝန်ထမ်းအင်အား
၁၈၈ ဦးဖြင့် ရေချို။ ရေငန်ငါး၊ ပုစွန်ထုတ်လုပ်မှုကို ဆောင် ရွက်လျက်ရှိသည်။
ငါး၊ ပုစွန်မွေးမြူထုတ်လုပ်ရေး
ပြည်နယ်ရုံး၊ စစ်တွေခရိုင်၊ မြောက်ဦး
၊ ခရိုင်၊ မောင်တောခရိုင်၊ ပေါက်တော မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့ တောင်မြို့နယ်၊
မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်နှင့် ရေချမ်းပြင်စခန်း၊
စိုးမဲကျီစခန်း၊ ကျောက်တော်စခန်း၊ မြို့သူကြီးစခန်းတို့မှ ရေထွက်ကုန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငါး၊ ပုစွန်မွေးမြူ ထုတ်လုပ်ရေးကို
အစဉ်တစိုက် ဆောင် ရွက်လျက်ရှိသည်။
ငါး၊ ပုစွန်မျိုးကောင်း မျိုးသန့်
ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန သည်
ငါး၊ ပုစွန် မွေးမြူ ထုတ်လုပ်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးသယံ ဇာတများ စဉ်ဆက်မပြတ်
ရေရှည် ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံ ပြည်သူ တို့၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊
ငါး၊ ပုစွန်မျိုးကောင်း မျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားလာ စေလျက် ငါးရိက္ခာများရေရှည် စား သုံးနိုင်
စေရန် ရည်ရွယ်၍ သဘာဝ မြစ်၊ ချောင်း များနှင့် သဘာဝရေပြင်များ၊ အင်းအိုင် များနှင့်
ဆည်မြောင်းများအတွင်းသို့ နှစ်စဉ် မျိုးများစိုက်ထည့်ဆောင်ရွက် လျက်ရှိရာ ၂၀၂၀-၂၀၂၁
ဘဏ္ဍာနှစ်တွင် ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)မှ
ငါးသား ပေါက်ကောင်ရေ ၁၀ သိန်း မျိုးစိုက် ထည့်ရန် လျာထားသတ်မှတ်ဆောင် ရွက်ခဲ့သည်။
ငါးနှင့်ပုစွန် မျိုးစိတ်စိုက်ထည့်
ယခုနှစ်မိုးရာသီတွင် နိုင်ငံအတွင်း ရေသယံဇာတ
စဉ်ဆက်မပြတ် ပေါကြွယ်ဝစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သဘာဝရေပြင်များနှင့်
မြစ်၊ ချောင်း၊ ဆည်တမံတို့တွင် ငါးနှင့် ပုစွန်မျိုးစိတ်တို့ကို ငါးလုပ်ငန်းဦးစီးဌာနက
ယခင်နှစ်များထက် ပိုမို စိုက်ထည့်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ မတ်လမှစက်တင်ဘာလအထိ
ရေငန် ပုစွန်သားပေါက်ကောင်ရေ ၇ သိန်း ၃ သောင်းနှင့်
ငါးသားပေါက်ကောင်ရေ ၇သိန်း ၇ သောင်း စုစုပေါင်း
မျိုးကောင် ရေ၁၅ သိန်းကို စိုက်ထည့်ခဲ့ရာ လျာထား
ချက်ထက် ငါးသိန်းကျော် မျိုးစိုက် ထည့်ခဲ့သည်မှာ အားရဖွယ်ပင်ဖြစ်သည်။
ငါးပုစွန်သားပေါက် ၁၅ သိန်း
ကျောက်ဖြူမြို့နယ် ငလပွေ့ချောင်း အတွင်း၌လည်းကောင်း၊
စစ်တွေမြို့နယ် ရေချမ်းပြင်ကျေးရွာ၊ ဇက်ရေယာဉ်ဆိပ် နှင့်မင်းဂံချောင်းအတွင်း၌လည်းကောင်း၊
ဘူးသီးတောင်မြို့နယ် မေယုမြစ်ဖျား အတွင်း၌လည်း ကောင်း၊ မောင်တောမြို့ မြကန်သာဆည်အတွင်း၌
လည်းကောင်း၊ မင်းပြားမြို့ ဖလောင်းပြင်ဆည်နှင့် လေးမြို့မြစ်အတွင်း၌ လည်းကောင်း အဆိုပါနေရာအသီးသီးတွင်
ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ထိုင်းငါးခုံးမနှင့် ပုစွန် သားပေါက်ကောင်ရေ ၁၅ သိန်းကို
စိုက် ထည့်နိုင်ခဲ့သည်။
ရခိုင်ပြည်နယ်၏ ပင်လယ်ပြင်တွင် ဒေသခံ
ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းစက် လှေများနှင့် ရန်ကုန်မြို့မှ ငါးဖမ်းစက် လှေများ ငါး၊
ပုစွန်များဖမ်းဆီးလျက်ရှိပြီး ပင်လယ်ပြင်နှင့် ဆက်စပ်လျက်ရှိသည့် ထိုဒေသ၏ ရေငန်မြစ်ချောင်း
များနှင့် ရေချိုးချောင်းများအတွင်းမှ ရေထွက် ကုန်များကို နေ့စဉ် ဖမ်းဆီးရရှိလျက် ရှိသည်။
ဒေသတွင်းစားသုံးမှုနှင့် ပြည်ပ ပို့ကုန်အဖြစ် တင်ပို့နိုင်မှုကြောင့် ရခိုင် ပြည်နယ်သည်
မြန်မာနိုင်ငံ၏တိုင်းပြည် ဝင်ငွေကို ရေထွက်ကုန်ပစ္စည်းမှ အထောက်အပံ့ရရှိသော ပြည်နယ်တစ်ခု
အဖြစ် ဂုဏ်တင့်လျက်ရှိသည်။ ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အောက်တိုဘာလမှ စက်တင်ဘာလအထိ ရေငန်ပုစွန်
သားပေါက်စခန်းများဖြစ်သော စစ်တွေ မြို့နယ် ရေချမ်းပြင် ရေငန်ပုစွန် သားပေါက်စခန်း၊
ကျောက်ဖြူမြို့နယ် ရေတီယျရေငန် ပုစွန်သားပေါက်စခန်း၊ စိုးမဲကျီရေငန်ပုစွန် သားပေါက်စခန်းနှင့်
မောင်တောမြို့နယ် အလယ်သံကျော် ရေငန်ပုစွန် သားပေါက်စခန်းတို့မှ သားပေါက်ကောင်ရေ ၁၁
ဒသမ ၅၃ သန်းထုတ်လုပ်နိုင်ခဲ့ပြီး သဘာဝရေပြင် များသို့ ၀ ဒသမ ၇၃ သန်း မျိုးစိုက်ထည့်
ကာ သားပေါက်ကောင်ရေ ၁၀ ဒသမ ၈၀ သန်း ရောင်းချမှုဖြင့် နိုင်ငံတော် အတွက် ဘဏ္ဍာငွေရှာဖွေပေးနိုင်ခဲ့သည်။
ရေချိုသားပေါက်စခန်းများ ဖြစ် သောဘူးသီးတောင်မြို့နယ်
ကကျဘက် ကံပြင်ရေချိုငါးသားပေါက် စခန်းမှ ငါးသားပေါက်ကောင်ရေ ၀ ဒသမ ၃၀၀ သန်းထုတ်လုပ်နိုင်ခဲ့ပြီး
သဘာဝရေပြင် နှင့်မွေးမြူရေးကန်တို့တွင် မျိုးစိုက်ထည့် နိုင်ခဲ့သည်။
ငါးသားပေါက်များ မျိုးစိုက်ထည့်
ရခိုင်ပြည်နယ်တွင် ငါးမျိုးစိုက်ထည့်
နိုင်ရန် ငါးသားပေါက်ထုတ်လုပ်သည့် စခန်းများဖြစ်သော ဘူးသီးတောင်မြို့ နယ် ကကျလက်ကံပြင်
ရေချိုငါး သားပေါက်စခန်း၊ မောင်တောမြို့နယ် မြို့သူကြီး တစ်ပိုင်တစ်နိုင်စခန်းနှင့်
မင်းပြားမြို့နယ် ပုဂ္ဂလိကတစ်ပိုင် တစ်နိုင်စခန်းတို့မှ ငါးသားပေါက်ကောင် ရေ၀ ဒသမ၇၇၀သန်းကို ထုတ်လုပ်ခဲ့ကာ
အဆိုပါသားပေါက်များကိုလည်း မျိုးစိုက် ထည့်နိုင်ခဲ့သည်။
ပြည်နယ်အတွင်းရှိ စစ်တွေခရိုင် တွင် ၃၄၃၃၈
ဒသမ ၇၃ ဧက၌ ပုစွန် မွေးမြူရေး ကန် ၁၁၆၂ ကန်ကို လည်း ကောင်း၊ ဧက ၉၇ ဒသမ ၈၅ အကျယ် ရှိသော
မြေဧရိယာတွင် ကဏန်းပျော့ မွေးမြူရေးကန်နှစ် ကန်ကိုလည်းကောင်း၊ မြောက်ဦးခရိုင်အတွင်းရှိ
၉၃ ဒသမ ၂၃ ဧကတွင် ငါးမွေးမြူရေးကန် ရှစ်ကန်ကို လည်းကောင်း၊ ဧက ၂၀၃၄၂ ဒသမ၂၉ ဧရိယာတွင်
ပုစွန်မွေးမြူရေးကန် ၆၇၁ ကန်ကို လည်းကောင်း၊ မောင်တောခရိုင် ရှိ၃၂ ၇ဒသမ ၇၀ ဧကတွင် ငါးကန်
၁၀၇ ကန်နှင့် ၁၅၄၃၁ ဒသမ ၀၀ ဧက၌ ပုစွန် မွေးမြူရေးကန် ၂၅၉၄ ကန်ကို လည်း ကောင်း၊ ကျောက်ဖြူခရိုင်ရှိ
၉၉၁၉ ဒသမ ၁၂ ဧကတွင် ပုစွန်မွေးမြူရေးကန် ၁၅၂ကန်နှင့် ၃၇ ဒသမ ၇၅ မြေဧကတွင် ကဏန်းပျော့မွေးမြူရေးကန်
ငါးကန်ကို လည်းကောင်း၊ သံတွဲခရိုင်အတွင်းရှိ ၃၆၉၆ ဒသမ ၆၄ ဧကတွင် ပုစွန်မွေးမြူ ရေး
ကန်ပေါင်း ၉၀ နှင့် ၃၁ ဒသမ ၉၀ ဧက အကျယ်ရှိသော ဧရိယာ၌ ကဏန်း ပျော့ မွေးမြူရေးကန်ခြောက်ကန်တို့တွင်
ငါးနှင့်ပုစွန်တို့ကို မွေးမြူထုတ်လုပ် လျက်ရှိသည်။
ပြည်ပဈေးကွက်ဝင် ရေထွက်ကုန်
ရခိုင်ပြည်နယ်အတွင်း၌ မြေဧက ၁၆၇ ဒသမ
၅၀ ဧကတွင် ကဏန်းမွေးမြူ ရေးကန် ၁၃ ကန်၊ မြေဧရိယာ ၈၃၇၂၇ ဒသမ ၇၈ ဧကတွင် ပုစွန်မွေးမြူရေးကန် ၄၆၆၉ ကန်နှင့်
၄၂၀ ဒသမ ၉၁ ဧက အကျယ်ရှိသော မြေဧရိယာ၌ ငါးမွေးမြူ ရေးကန် ၁၁၅ ကန်တို့ဖြင့် ပြည်တွင်း၊
ပြည်ပဈေးကွက်ဝင်သော ရေထွက်ကုန် ငါး၊ ပုစွန်၊ ကဏန်းတို့ကို မွေးမြူထုတ် လုပ်လျက်ရှိသည်။
ရေသယံဇာတ ပေါကြွယ်ဝသော ရခိုင်ပြည်နယ်တွင် မြစ်၊ ချောင်းများ ပေါများသောကြောင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရန် အခက်အခဲများစွာရှိနေပြီး လျှပ်စစ်မီးရရှိပါက
ကုန်ကြမ်းမှ ကုန်ချော အဖြစ် တန်ဖိုးမြင့်ထုတ်
ကုန်အဖြစ် ကုန်ကြမ်းရရှိရာ ထိုဒေသတွင်ထုတ်လုပ်
နိုင်ခြင်းဖြင့် ပြည်ပဈေးကွက်သို့ စံချိန်
စံညွှန်းမီမီ မြန်ဆန်စွာ တင်ပို့နိုင်ခြင်း သည် နိုင်ငံခြားဝင်ငွေကို ပိုမိုတိုးမြင့်ရရှိ
စေလျက် ဒေသတွင်းအလုပ်အကိုင်အခွင့် အလမ်းများကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စစ်တွေခရိုင်အတွင်း
ရေငန်ပုစွန် ကုန်ကြမ်းအဖြစ် ၈၀၀ ဒသမ၂၈ တန်ရရှိ ခဲ့ရာ ကုန်ချောအဖြစ် ၁၀၉၀ ဒသမ ၇၅ တန်ကို လည်းကောင်း၊ ရေငန်ငါး ကုန်ကြမ်းအဖြစ် ၃၆၈
ဒသမ ၉၉ တန် ရရှိရာမှ
ကုန်ချောအဖြစ် ၃၈၂ ဒသမ ၅၉ တန်ကို လည်းကောင်း၊ ကဏန်းပျော့ ကုန်ကြမ်း ၇၈ ဒသမ ၆၅၀ တန်ရရှိရာမှ
ကုန်ချောအဖြစ် ၆၂ ဒသမ ၆၁၈ တန် ကိုလည်းကောင်း၊ ပုစွန်ခြောက်ကုန်ကြမ်း ၈၄ ဒသမ ၄၈ တန်ရရှိရာမှ
ကုန်ချော အဖြစ်၂ဒသမ၀၀တန်ကိုလည်းကောင်း အသီးသီးထုတ်လုပ်နိုင်ခဲ့သည်။ ရခိုင်ပြည်နယ်မှ
ပြည်ပသို့ ရေထွက် ကုန်ပစ္စည်းတင်ပို့မှုသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မောင်တောနယ်စပ်
ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန် ချိန် ၃၃၆၉ ဒသမ ၉၆၃ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ၂
ဒသမ ၈၆၉ သန်း ကိုလည်းကောင်း၊ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ချိန် ၇၀၉၃
ဒသမ ၄၁၃ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၄၉ သန်း ကိုလည်းကောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်
မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ချိန် ၃၃၀၄ဒသမ၄၀တန်တင်ပို့မှုမှ အရိကန်
ဒေါ်လာ ၃ ဒသမ ၀၅၁ သန်းကို လည်း ကောင်း၊ စစ်တွေနယ်စပ်ကုန်သွယ်ရေး စခန်းမှ ပို့ကုန်တန်ချိန်၁၇၀၆
ဒသမ ၃၀ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၀၉ သန်းကို လည်းကောင်း ရခိုင်ပြည်နယ်မှ
နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေကို ရှာဖွေနိုင်ခဲ့သည်။
ရေသယံဇာတများစွာ စုဝေး
မြန်မာနိုင်ငံသည် စတုရန်းမိုင် ၂၂၃၀ ရှည်လျားသော
ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားပြီး ရခိုင်ပြည်နယ်သည် မိုင် ၄၄၀ ရှည်လျားသောကမ်းရိုးတန်းကို
ပိုင်ဆိုင်ထားသောကြောင့်ရေသယံဇာတ အရင်းအမြစ်များ စွာ စုဝေးတည်ရှိရာ ပြည်နယ်တစ်ခုလည်းဖြစ်သည်။
ပင်လယ်ပြင်၏ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းဧရိယာတွင်နေ့စဉ် ငါး၊ပုစွန်တို့ကို ဖမ်းဆီးလျက်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ စက်တင်ဘာလ ကုန်ပိုင်းအထိ စစ်တွေခရိုင်အတွင်းရှိ စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှ လည်းကောင်း၊ မြောက်ဦးခရိုင်အတွင်းရှိ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ် တို့မှ လည်းကောင်း၊ မောင်တောခရိုင် အတွင်းရှိ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့မှလည်းကောင်း၊ ကျောက်ဖြူ ခရိုင်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ။ မာန်အောင်၊ အမ်းမြို့နယ်တို့မှ လည်း ကောင်း၊ သံတွဲခရိုင်အတွင်းရှိ တောင် ကုတ်၊ ဂွ၊ ကျိုလီမြို့နယ်တို့မှ လည်း ကောင်း ရေချို ကမ်းနီး စက်တပ်/စက်မဲ့ အစင်းရေနှင့် ရေငန်ကမ်းနီး စက်တပ်/ စက်မဲ့အစင်းရေ ၄၄၅၇ စင်းကို ကမ်းနီး ငါးဖမ်းလိုင်စင် ထုတ်ပေးခဲ့သည်။
ပြည်သူများစားသုံးရန်
ကမ်းဝေး ငါးဖမ်းစက်လှေတွင် ဒေသခံအစင်းရေခြောက်စင်း၊ ရန်ကုန် မြို့မှ ငါးဖမ်းစက်လှေ
၃၀၀ ကျော်ဖြင့် စုစုပေါင်းအစင်းရေ ၃၆၈ စင်းသည် မြန်မာပြည်၏ စီးပွားရေးမြို့တော် ဖြစ်သော
ရန်ကုန်မြို့နှင့် နိုင်ငံတစ်ဝန်းမှ ပြည်သူများ ရေထွက်ကုန်စားသုံးနိုင်ရန် ရခိုင်ပြည်နယ်မှ
ထုတ်လုပ်လျက်ရှိရာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့ရေထွက် ကုန်တင်ပို့မှုတွင် တနင်္သာရီတိုင်းဒေသ
ကြီးထက် ထုတ်လုပ်တင်ပို့မှုများသော ပြည်နယ်တစ်ခု အဖြစ် ယနေ့တိုင် ရပ်တည်လျက်ရှိသည်။
ဆန်စပါးနှင့် သားငါးရိက္ခာသည် နိုင်ငံ၏ အဓိကဝမ်းစာဖြစ်သောကြောင့် ပြည်သူများ အာဟာရပြည့်ဝရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးတွင် ပင်လယ်ပြင် ငါး၊ ပုစွန်ရရှိမှုနှင့်အတူ ငါး၊ ပုစွန် မွေးမြူ ထုတ်လုပ်ရေးကဏ္ဍ သည်လည်း အဓိက အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ ( တစ်ချိန်တွင် ပင်လယ်ပြင်ငါးသယံဇာတ
လျော့နည်းလာချိန်၌ ပြည်တွင်း ရေချို/
ရေငန်မွေးမြူမှုနှင့် သုတေသနစမ်းသပ် သားဖောက်လုပ်ငန်းများ အောင်မြင်မှု သည် နိုင်ငံအတွက်
ဝမ်းစာဖူလုံရုံ သာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တို့ကို အကျိုးဖြစ်ထွန်း
စေမည့် နိုင်ငံခြားဝင်ငွေရရှိမှုကိုလည်း ထောက်တိုင်ကြီးများပမာ အထောက် အပံ့ကောင်းများ ကို
ရရှိစေမည်ဖြစ်သည်။
ရေလုပ်ငန်းဖြင့် ရပ်တည်သော ပြည်နယ်
ရခိုင်ပြည်နယ်သည် ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းနှင့်
မြင့်မားသည့် ရခိုင်ရိုးမ၏ တောင်စွယ်တောင် တန်းများ ကြောင့် ဒီရေရောက်တောများ၊ ရေငန်
မြစ်၊ ချောင်းများနှင့် ရေငန်၊ ရေချိုစပ် ဧရိယာများ၊ ရေချိုးချောင်းများနှင့် ရေချိုး
ရေငန်စပ်ဧရိယာ များစွာတည်ရှိပြီး ရေသယံဇာတ ပေါကြွယ်ဝသော ဒေသဖြစ်ရာ ရေချိုနှင့် ရေငန်ငါး၊
ပုစွန်များ နေရာဒေသအလိုက် ရှင်သန်ပေါက်ပွား
လျက်ရှိသည်။ ရေသယံဇာတသိုက်ကြီး တည်ရှိရာ ရခိုင်ပြည်နယ်သည်
ရေ လုပ်ငန်းဖြင့် ရပ်တည်နိုင်သော ပြည်နယ် တစ်ခုလည်းဖြစ်သည်။
သို့ဖြစ်၍ ပင်လယ်ပြင် ရေသယံဇာတ ထိန်းသိမ်းမှုနှင့် ဒေသတွင်းတည်ရှိသည့် ဒေသမျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ် မှုမရှိစေရန်
ဝိုင်းဝန်းထိန်းသိမ်းစောင့် ရှောက်မှုသည် ဒေသခံတို့၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု၏
လင်းရောင်ခြည် များဖြစ်ပြီး အနာဂတ်သို့တိုင်
လက်ဆင့် ကမ်းသယ်ဆောင်ခြင်းဖြင့် ပန်းခင်းသော
လမ်းပမာ ပြည်နယ်၏စီးပွားရေးဖွံ့ဖြိုးမှု သည်
မွှေးပျံ့သင်းကြိုင်နေမည်ဖြစ် သည်။ သို့ဖြစ်ပါ၍ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တို့ တည်ရှိရာ ရခိုင်ပြည်နယ်သည်
နိုင်ငံအတွက် ရေထွက်ကုန်ပစ္စည်း အများဆုံး ဖြည့်တင်း ပေးရပြည်နယ်တစ်ခုလည်း ဖြစ်သော
ကြောင့် နိုင်ငံတော်အတွက်သာမက ထိုပြည်နယ်အတွက် ဂုဏ်ယူဖွယ်ပြည် နယ်တစ်ခုဖြစ်ပါကြောင်း
တင်ပြလိုက်ရ ပါသည်။
ဓာတ်ပုံ - ဇွဲမာန်
No comments:
Post a Comment