ဟားခါး နိုဝင်ဘာ ၈
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဟားခါးတက္ကသိုလ်တွင် အသစ်ခန့်အပ်ထားသော နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမသစ်လွင်ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟားခါးတက္ကသိုလ် ဘက်စုံသုံးခန်းမဆောင်၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင်
ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(တာဝန်ခံ) ဒေါက်တာဇော်မင်းသိန်းက အသစ်ခန့်အပ်ခြင်းခံရသော
နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ ဥပဒေ၊ နည်းဥပဒေများအတိုင်း
ပါတီနိုင်ငံရေးကင်ရှင်းရန်လိုကြောင်း၊ နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမများအနေဖြင့် မိမိသင်ကြားပေးမည့်
တက္ကလိုလ်ကျောင်းသား၊ ကျောင်းသူများကို မိမိထက်တော်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်အောင်
သင်ကြားပေးရန်လိုကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက်
အသစ်ခန့်အပ်ခြင်းခံရသည့် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမများကိုယ်စား ဦးဘိနေကျုံးထာက ကျေးဇူးတင်စကား
ပြောကြားကြောင်း သိရသည်။
ယနေ့စတင်ဖွင့်လှစ်သည့်
နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမမွမ်းမံသင်တန်းတွင် ဆရာ၊ ဆရာမများ တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ
နိုဝင်ဘာလ ၈ ရက်နေ့မှ ဒီဇင်ဘာလ ၈ ရက်နေ့ အထိဖြစ်ကြောင်း သိရသည်။
မောင်တက်လမ်း
No comments:
Post a Comment