Tuesday, November 9, 2021






ဘားအံ   နိုဝင်ဘာ   

ကရင်ပြည်နယ် ဘားအံတက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြ၊ ဆရာ၊ ဆရာမ သစ်လွင်များ ကြိုဆိုပွဲ နှင့်မွမ်းမံ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခန့်က ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က ပညာရေးဝန်ကြီး ဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ရန် နည်းပြ/သရုပ်ပြ ၇၅ ဦးကို အသစ်ခန့်ထားခဲ့ပြီး တစ်လကြာမွမ်းမံသင်တန်းကို ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း၊ ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမကောင်းများ လိုအပ်လျက်ရှိပြီး ပညာရေးကို အဆင့်မြင့်တင်ရာတွင် အဓိကအကျဆုံး ပုဂ္ဂိုလ်များမှာ ဆရာ၊ ဆရာမများပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ဘားအံတက္ကသိုလ်တွင် တာဝန် ထမ်းဆောင်ကြမည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများအနေဖြင့် ဝါသနာ၊ စေတနာ၊ အနစ်နာ တို့ဖြင့် ပညာပြည့်ဝနှလုံးလှသူများအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မွမ်းမံသင်တန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


No comments:

Post a Comment