ဘိုကလေး နိုဝင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာ၊ ကွင်းအမှတ်(၇၀၉)ရှိ တောင်သူ ဦးတင်စိုး၏ စိုက်ဧက(၅)ဧကရှိ စံပြစိုက်ခင်းတွင် ယနေ့နံနက် (၈)နာရီ၌ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကြီးမှူး၍ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပသည်။
အဆိုပါ ရိတ်သိမ်းပွဲသို့
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊
ခရိုင်ဦးစီးမှူး ဦးသောင်းနိုင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်နှင့် မြို့နယ်ဌာနဆိုင်ရာများ
တက်ရောက်ကြပြီး မိုးဦးကာလက စိုက်ပျိုးခဲ့သည့် ဆင်းသွယ်လတ် စပါးမျိုးအား တောင်သူများနှင့်အတူ
ရိတ်သိမ်းခဲ့ကြောင်းနှင့် စပါးအောင်စေ့ ရာခိုင်နှုန်း (၈၄.၃၅) ရှိကြောင်း သိရသည်။
မိုးစက်
No comments:
Post a Comment