Monday, October 7, 2019

ရာဇဝတ်အထွေထွေ လျှောက်ထားမှု(စာချွန်တော်)(၁)မှုနှင့် တရားမ အထွေထွေလျှောက်ထားမှု (စာချွန်တော်)(၄)မှုကို စီရင်ချက်ချမှတ်


နေပြည်တော် အောက်တိုဘာ ၇
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်နှင့် ဦးစိုးနိုင်တို့ပါဝင်သည့် အပြီးသတ် ကြားနာ ဆုံးဖြတ်ရေးအဖွဲ့သည်
ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရား လွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်ပြီး ရာဇဝတ်အထွေထွေ လျှောက်ထားမှု (စာချွန်တော်) (၁)မှုနှင့် တရားမအထွေထွေလျှောက် ထားမှု(စာချွန်တော်)(၄)မှုကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် ရာဇဝတ်အထွေထွေလျှောက်ထားမှု(စာချွန်တော်)(၁)မှု နှင့် တရားမ အထွေထွေလျှောက် ထားမှု(စာချွန်တော်)(၄)မှုတို့ကို ရုံးထိုင် ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)Top of FormBottom of Form

No comments:

Post a Comment