Monday, October 7, 2019

အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်


နေပြည်တော် အောက်တိုဘာ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း မှ ( ၁၄၅ ) နှစ်မြောက် ကမ္ဘာ့ စာပို့တိုက်နေ့  (WORLD POST DAY ) အထိမ်းအမှတ် ၂၀၀/- ကျပ်တန် အထူးထုတ်စာပို့ တံဆိပ် ခေါင်းသစ်(၁) မျိုးအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ( ၉ ) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း ( ၁၁ )ရက် (ဗုဒ္ဓဟူး)နေ့၊ နံနက်၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ် များရှိ လုပ်ငန်းပြည့် စာတိုက် အသီးသီးတွင် ရောင်းချပေး သွားမည်ဖြစ်သည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး နှင့် မန္တလေး စာတိုက်ကြီးတို့တွင် အောက်တိုဘာ (၉)ရက်၌ ဝယ်ယူသော အထူးထုတ်စာပို့ တံဆိပ်ခေါင်းများနှင့် ပထမနေ့ စာအိတ် ( Firstday Cover ) များပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ်ပေး သွားမည်ဖြစ်သည်။
ထို့ပြင် (၁၄၅)နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ (WORLD POST DAY) အခမ်းအနား ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂)၊ နေပြည်တော်တွင်လည်း အထိမ်းအမှတ် အထူးထုတ် ပထမနေ့စာအိတ်  (Firstday Cover) များပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment