ရန်ကုန် စက်တင်ဘာ ၁၁
ဒါရိုက်တာ AgnèsVarda ၏ လက်ရာကောင်းတစ်ခုဖြစ်သော
“Vagabond” ပြင်သစ်ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့
အမှတ်(၅၀) ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင် အနုပညာရပ်ဝန်း ရုပ်ရှင်ပြခန်းမ၌ ကြည့်ရှုပြီး
ရုပ်ရှင်ဇာတ်ကား အပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာမှု အစီအစဉ်ပြုလုပ်မည်။
ယင်းအစီအစဉ်ကို မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်စေရန်
ရည်ရွယ်ချက်ဖြင့် Cinematheque Program ၏ ကဏ္ဍခွဲ တစ်ရပ်အဖြစ် (၂၅)ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး
ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲ ရေးအဖွဲ့ဝင် ဒေါက်တာအောင်မင်းက ဦးဆောင်
ဆွေးနွေးမည်ဖြစ်သည်။
အဆိုပါဇာတ်လမ်းအမျိုးအစားမှာ
French Drama Film ဖြစ်ပြီး ၁၉၈၅ ခုနှစ်က Venice Film Festival တွင် Golden Lion
Award ဆုရရှိခဲ့ကြောင်း၊ ဇာတ်လမ်းအကျဉ်းမှာ အိမ်ခြေရာမဲ့သွားလာနေသည့် အမျိုးသမီးငယ်တစ်ဦးသည်
ဆောင်းရာသီတွင် လမ်းဘေး တစ်နေရာ၌ ကွယ်လွန် ခဲ့ခြင်းဖြင့် ဇာတ်လမ်းအစပြုထားပြီး ၎င်းမကွယ်လွန်မီ
အခြေအနေများကို နောက်ကြောင်းပြန် ထားသည့် ဇာတ်လမ်း ဖြစ်ကြောင်း၊ လွတ်လပ်မှုကိုခုံမင်သော
အိမ်ခြေရာမဲ့အမျိုးသမီး ငယ်တစ်ဦး၏ အသက်ရှင်နေထိုင်ခြင်းနှင့် သေဆုံးခြင်း ကို ဖော်ကျူး
ထားသည့် ဇာတ်ကားတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment