နေပြည်တော် စက်တင်ဘာ ၁၁
ထွန်းဖောင်ဒေးရှင်းသည်
မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှု၍ စာပေပညာရှင်၊ အသိပညာရှင်၊ အတတ် ပညာရှင်များ
ပါဝင်သော ထွန်းဖောင်ဒေးရှင်း စာပေဆုရွေးချယ်ရေးကော်မရှင်ကို ဖွဲ့စည်းကာ ဘာသာရပ် (၁၂)မျိုးခွဲခြားပြီး
စာပေဆုများကို နှစ်စဉ်ထိုက်ထိုက် တန်တန်ချီးမြှင့်ပေးလျက်ရှိသည်။
ထွန်းဖောင်ဒေးရှင်းစာပေဆုအတွက်
အကျုံးဝင်သော ဘာသာရပ်များမှာ စီးပွားရေး၊ သမိုင်း၊ အတ္ထုပ္ပတ္တိ၊ ကျန်းမာရေး၊ ကလေး
စာပေ၊ လူငယ်စာပေ၊ ယဉ်ကျေးမှု၊ ရှေးဟောင်းကျမ်း၊ ရည်ညွှန်းကျမ်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊
စာပဒေသာနှင့် သုတပဒေသာ တို့ဖြစ်ပြီး (အင်္ဂလိပ်၊ မြန်မာ) နှစ်သက်ရာဘာသာဖြင့် ရေးသား
တင်သွင်းနိုင်သည်။
စာပေဆုအတွက် အထက်ပါဘာသာရပ်များနှင့်
အကျုံးဝင်သော ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်နှစ်အုပ်နှင့် စာမူဆုအတွက် မိမိကိုယ်တိုင်ရေးသားပြုစုထားသော
စာမူနှစ်စုံ(လက်နှိပ်စက်၊ ကွန်ပျူတာဖြင့်)ကို စာရေးသူ၏ ကိုယ်ရေးအကျဉ်း၊ လိုင်စင်ဓာတ်ပုံ
နှစ်ပုံတို့ဖြင့် ပူးတွဲပေးပို့ရန်ဖြစ်သည်။
(၁၄)ကြိမ်မြောက် ထွန်းဖောင်ဒေးရှင်းစာပေဆုအတွက်
စာအုပ်/စာမူ တင်သွင်းလိုသူများသည် ထွန်းဖောင်ဒေးရှင်းစာပေဆု ကော်မတီ အမှတ်(၂၃/၂၄)၊
ဗဟိုရ်စည်အိမ်ရာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့ (ဖုန်း-၀၉-၇၃၁၀၄၄၈၇)သို့
၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment