Thursday, September 12, 2019

ဩဂုတ်လအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၃၃၀၀၀ ကျော်နှင့် ပြည်တွင်းအလုပ် နေရာ၂၈၀၀၀ ကျော်ခန့်ထားနိုင်ခဲ့


နေပြည်တော် စက်တင်ဘာ ၁၁
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူတစ်ဦးချင်း ဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အ လမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်း အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင် များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက် ရှိရာ ဩဂုတ်လအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်အလုပ်အကိုင်ရရှိမှုမှာ အစိုးရအလုပ် ၆၁၆ ဦးနှင့် ပုဂ္ဂလိက အလုပ်၂၈၃၆၆ ဦး စုစုပေါင်း၂၈၉၈၂ ဦးကို အလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့သည်။
ဩဂုတ်လအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှုအနေဖြင့် မလေးရှားနိုင်ငံသို့ ၇၈၆၆ ဦး၊ စင်ကာပူ နိုင်ငံသို့ ၂၃ ဦး၊ ကိုရီးယား နိုင်ငံသို့ ၃၉၂ ဦး၊ ထိုင်းနိုင်ငံသို့ ၂၄၅၈၃ ဦး၊ ဂျပန်နိုင်ငံသို့ ၇၆၁ ဦး၊ ယူအေအီး နိုင်ငံသို့ ၂၉ ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၁၄၁ ဦး၊ ကာတာနိုင်ငံသို့ ၁၀ဦး စုစုပေါင်း ၃၃၈၀၅ ဦးတို့အား ပြည်ပ အလုပ်အကိုင် ရှာဖွေပေး နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment