Monday, April 8, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံဆိုင်ရာ အိုင်ယာလန် သံအမတ်ကြီး H.E. Mr. Joseph Anthony Cotter အား လက်ခံတွေ့ဆုံ


နေပြည်တော် ဧပြီ ၈
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အိုင်ယာလန် သံအမတ်ကြီးအဖြစ်  မကြာသေးမီက ခန့်အပ်ခြင်းခံရသော H.E. Mr. Joseph Anthony Cotter အား ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိုင်ယာလန် နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ရခိုင်ပြည်နယ်၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများကို ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment