Monday, April 8, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မလေးရှား နိုင်ငံခြားရေးဝန်ကြီး H.E. Dato' Saifuddin Abdullah အား လက်ခံတွေ့ဆုံ


နေပြည်တော် ဧပြီ ၈
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော မလေးရှား နိုင်ငံခြားရေးဝန်ကြီး H.E. Dato' Saifuddin Abdullah အား ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-မလေးရှား နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ရခိုင်ပြည်နယ်၏ နောက်ဆုံးအခြေအနေနှင့် နေရပ်စွန့်ခွာသူများအား ပြန်လည်စိစစ်လက်ခံရေး လုပ်ငန်းစဉ်တွင် မလေးရှားနိုင်ငံနှင့် အာဆီယံအဖွဲ့တို့မှ ပူးပေါင်း ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးနှင့် မလေးရှားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထို့အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် သည် မလေးရှားနိုင်ငံခြားရေးဝန်ကြီး H.E. Dato' Saifuddin Abdullah အား နံနက် (၉)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ အပြုသဘော ထိတွေ့ပူးပေါင်း ဆောင်ရွက်ရေးနှင့် အာဆီယံ စည်းလုံးညီညွတ်မှု မြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 
(သတင်းစဉ်)

No comments:

Post a Comment