Monday, April 8, 2019

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ စုပေါင်းရဟန်းခံ ရှင်ပြုအလှူကျင်းပ


နေပြည်တော် ဧပြီ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ တတိယအကြိမ် စုပေါင်းရဟန်းခံရှင်ပြု အလှူမင်္ဂလာကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဘူးကွဲ ရွာဦးဘုန်းကြီးကျောင်းတွင် ကျင်းပသည်။

အလှူမင်္ဂလာ အခမ်းအနား ပထမပိုင်း အစီအစဉ်အဖြစ် သိမ်ဆင်းလောင်းလှူပွဲကို နံနက် နာရီက ကျင်းပရာ ပင့်သံဃာ(၁၁)ပါး၊ ရဟန်း(၁၂)ပါး၊ ရှင်သာမဏေ()ပါးနှင့် သီလရှင်()ပါး၊ စုစုပေါင်း(၃၃)ပါး တို့အား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများက လောင်းလှူကြသည်။
ဆက်လက်၍ ဒုတိယပိုင်း အစီအစဉ်အဖြစ် လှူဖွယ်ဝတ္ထုများ ကပ်လှူခြင်း၊ ရေစက်ချ တရားနာယူခြင်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများကို ပြုလုပ်ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နှစ်သစ်ကူးအခါသမယတွင် ရုံးချုပ်ရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် စုပေါင်းရဟန်းခံရှင်ပြုအလှူတော် မင်္ဂလာကို တတိယအကြိမ်အဖြစ် အစဉ်အလာမပျက် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment