မကြာမီကာလအတွင်း
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကြီး ကျရောက်တော့မည်ဖြစ်ရာ ပြည်သူလူထု အနေဖြင့်
သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုများ လျော့ပါး၍ ဘေးအန္တရာယ်ကင်းရှင်းစွာ နှစ်သစ်ကို
ကြိုဆိုနိုင်စေရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် ဆောင်ရွက်ထားရှိသည့်
အစီအမံများကို ပြည်သူများ သိရှိနိုင်စေရန် အမှတ် (၁) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ
(နေပြည်တော်) မှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး ဝင်းနိုင်ဦးနှင့်
တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။
ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ သင်္ကြန် ကာလမှာ ယာဉ်မတော်တဆမှုတွေ လျော့ပါးစေဖို့
ဘယ်လိုအစီအမံတွေ ချမှတ်ဆောင် ရွက်ထားသလဲဆိုတာ ပြောပြပေးပါ။
ဖြေ ။ ။
ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ မဟာ သင်္ကြန်ပွဲတော် ကျင်းပစဉ်ကာလ အတွင်း ယာဉ်မတော်
တဆမှုတွေ လျော့နည်းစေဖို့အတွက် ရေကစားကဏ္ဍပ်တွေမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း
ထိန်းသိမ်းရေး တာဝန်ချထားခြင်း၊ နေပြည်တော်မှာရှိတဲ့ အဝိုင်း၊ မီးပွိုင့်၊
လမ်းဆုံ၊ လမ်းခွတွေမှာ ယာဉ်လမ်းရှင်းလင်းရေး တာဝန်ချ ထားခြင်း၊
ရှေ့ပြေးဆိုင်ကယ်တွေနဲ့ ယာဉ်လမ်းရှင်း လင်းရေး တာဝန်ချထားခြင်းနှင့် ဆယ်တင်ယာဉ်
(ကရိန်းယာဉ်) တွေနဲ့ ယာဉ်ကြောပိတ်ဆို့တဲ့အခါမှာ ရှင်းလင်းဖို့ အသင့်တာဝန်ချထားခြင်းတွေကို
စီမံ ဆောင်ရွက်သွားပါမယ်။
မေး ။ ။
ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ သင်္ကြန် ကာလအတွင်းမှာ အရက်သေစာသောက်စားပြီး
ယာဉ်မောင်းနှင်မှုတွေကို ဘယ်လို ဆောင်ရွက်သွားမလဲဆိုတာ ပြောပြပေးပါ။
ဖြေ ။ ။ သင်္ကြန်ကာလအတွင်း
မူးယစ်သောက်စားပြီး မောင်းနှင်ခြင်း မပြုစေရန် အတွက် သင်္ကြန်ကာလမတိုင်ခင် အကြိုကာလ
တွေမှာ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေ ဖြစ်တဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ NGO
အဖွဲ့ အစည်းတွေနဲ့ ယာဉ်/လမ်းရှင်းလင်းရေး ပညာ ပေးဆောင်ရွက်သွားပါမယ်။
သင်္ကြန်ကာလအတွင်း အရက်သေစာသောက်စားပြီး ယာဉ်မောင်းနှင်ခြင်း မပြုဖို့နဲ့ လိုင်စင်မဲ့ယာဉ်တွေ
အသုံးပြုပြီး ရေပက်ခံမထွက်ဖို့ကို ကြိုတင်ပညာပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နောက်ပြီး အရက်သေစာ သောက်စားပြီး မောင်းနှင်ခြင်း မရှိစေဖို့ ယာဉ်ထိန်း
ရဲတပ်ဖွဲ့အနေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး Alcohol Tester နဲ့
စစ်ဆေးအရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုစစ်ဆေးတဲ့ အခါမှာလည်း ယာဉ်မောင်းဟာ
ယာဉ်မောင်းနှင်ဖို့ မသင့်တော်တဲ့ အခြေ အနေမှာ ရှိနေမယ်ဆိုရင်
အခြားယာဉ်မောင်းနှင်တတ်သူတစ်ဦးနဲ့ အစားထိုး လဲလှယ်ပြီး မောင်းနှင်စေမှာ ဖြစ်ပါတယ်။
သင်္ကြန်ကာလအတွင်းမှာ ရေပက်ခံထွက်တဲ့ ပြည်သူတွေ ယာဉ်အန္တရာယ်မဖြစ်စေဖို့အတွက်
ဒီလိုစီမံဆောင် ရွက်ရခြင်း ဖြစ်ပါတယ်။
မေး ။ ။ သင်္ကြန်ကာလမှာ
အပျော်ကျူးပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာဘဲ ထင်သလိုမောင်းနှင်မှုတွေကို
ဘယ်လို ကိုင်တွယ် သွားမလဲဆိုတာ သိလိုပါတယ်။
ဖြေ ။ ။ ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်း မလိုက်နာဘဲ ထင်သလိုမောင်းနှင်မှု မရှိစေဖို့အတွက် စည်းကမ်း ပျက်
မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေကို ပူးပေါင်းအဖွဲ့တွေနဲ့ ဖမ်းဆီးအရေးယူမှုကို
အရှိန် အဟုန်မြှင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း
အသိပညာပေးဟော ပြောမှုတွေကို မြို့ပေါ်မှာ သာမကကျေးရွာတွေအထိ အရှိန်အဟုန်မြှင့်
အသိပညာပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထိုသို့ အသိပေးလုပ်ဆောင်ခြင်းများကို
ပြည်သူလူထု အတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့ အတွက် သတင်းမီဒီယာတွေကနေတစ်ဆင့်
အသိပညာပေးခြင်းတို့ကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး
ယာဉ်အန္တရယ်ဆိုးကျိုးကို ပြည်သူလူထု သိရှိလက်ခံနိုင်ရေးအတွက် ဥပဒေစည်း ကမ်းတွေ နဲ့
ထိန်းသိမ်းကြပ်မတ်ခြင်းနည်းလမ်းေ တွအပြင် လူထုအခြေပြုပညာပေးစနစ်ကိုလည်း ထိရောက်
စွာအသုံးပြုပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာပါက သက်ဆိုင်ရာ လုံခြုံရေး
မိတ်ဖက် ပူးပေါင်းအဖွဲ့တွေနဲ့ ပူးပေါင်း၍ ယာဉ်မောင်းကို ထိန်းသိမ်းခြင်းတို့ကို
ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
မေး ။ ။ ယခင်နှစ်
သင်္ကြန်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယာဉ်မတော်တဆ ဖြစ်ပွားခဲ့မှု
အခြေအနေနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှု
အခြေအနေတွေကို သိလိုပါတယ်။
ဖြေ ။ ။
ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ တစ်နိုင်ငံလုံး စာရင်းဇယားများအရ ၂၀၁၈ ခုနှစ်
မဟာသင်္ကြန်ကာလအတွင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ယာဉ်မတော်တဆမှု ၃၅၀
ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၆၉၀၊ သေဆုံးသူ ၁၃၃ ဦး ရှိခဲ့ကာ မန္တလေးတိုင်းဒေသကြီး၊
စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ
ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွား ခဲ့တာကို တွေ့ရှိရပါတယ်။ နောက်ပြီး ပြည်ထောင်စု
နယ်မြေ နေပြည်တော်အတွင်းမှာ ယာဉ်မတော် တဆမှု ရှစ်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ
ရှစ်ဦးနဲ့ ဒဏ်ရာရရှိသူ တစ်ဦး ရှိခဲ့ပါတယ်။
မေး ။ ။
ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ သင်္ကြန် ကာလအတွင်း ယာဉ်မောင်းသူတွေကို
ဘယ်လိုအကြံပြုချင်ပါသလဲ။
ဖြေ ။ ။
ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ သင်္ကြန် ကာလအတွင်းမှာ ရေပက်ခံထွက်လာတဲ့ ပြည်သူလူထုတွေ
ဘေးအန္တတရာယ်ကင်းစေဖို့ အတွက် ယာဉ်မောင်းသူတွေကို အကြံပြုလိုတာက အရက်သေစာသောက်
စားပြီး ယာဉ်မောင်းနှင်ခြင်း မပြုဖို့ ပြောကြားလိုပါတယ်။ နောက်ပြီး မော်တော် ယာဉ်၊
မော်တော်ဆိုင်ကယ် တွေ များပြားလာတာ နဲ့အမျှ ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက်
ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းအတိုင်း စနစ်တကျမောင်းနှင်သွားဖို့နဲ့ ယာဉ်ရဲ့သတ်မှတ်
အလေးချိန်ထက်ပိုပြီး တင်ဆောင် မောင်းနှင်ခြင်း မပြုဖို့ အကြံပြုလိုပါတယ်။
တစ်စီးနဲ့ တစ်စီး အပြိုင်အဆိုင် မဆင်မခြင် အရှိန်ပြင်း မောင်းနှင်ခြင်း၊
လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ ဘေးတံခါးများ၊ နောက်ဖုံးများ ဖြုတ်ပြီး
မောင်းနှင်ခြင်း၊ ဆိုင်ကယ် များတွင် ပါဝါအိတ်ဇောတပ်၍ မောင်းနှင်ခြင်းနဲ့
နံပါတ်မရရှိသေးတဲ့ ယာဉ်အသစ်တွေနဲ့ ရေပက်ခံ ထွက်ခြင်း မပြုလုပ်ဖို့
အကြံပြုပြောကြားလိုပါ တယ်။
မေး ။ ။
ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ ပြည်သူလူထု အတွက် ဖြည့်စွက်ပြောကြားလိုတာများ ရှိရင်
ပြောကြားပေးပါ။
ဖြေ ။ ။ မဟာသင်္ကြန်ဆိုတာ
မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှစ်သစ်ကူးပွဲတော်ဖြစ်တဲ့ အတွက် ဒီအချိန်မှာ အားလုံးက
စိတ်လက်ပေါ့ပါး စွာနဲ့ ပျော်ရွှင် ကြည်နူးစွာ နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲကြပါတယ်။
ဒီလိုဆင်နွှဲတဲ့အခါမှာ အားလုံးက ဘေးအန္တရာယ် ကင်းကင်းနဲ့ နှစ်သစ်ကူးပွဲတော်ကို
ဆင်နွှဲပြီး နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ ကြိုဆိုဖို့ လိုအပ်ပါတယ်။
ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့လည်း ပြည်သူလူထု ပျော်ရွှင်စွာ ဆင်နွှဲတဲ့အခါမှာ
ယာဉ်အန္တတရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းဖို့အတွက် တစ်ဖက်တစ်လမ်းက ဆောင်ရွက်တာကို
ပြည်သူ လူထုအားလုံး ကလည်း ဝိုင်းဝန်းပူးပေါင်းပြီး ပါဝင်ဆောင်ရွက်
ပေးကြစေလိုပါတယ်။ ဒီလိုကူညီ ဆောင်ရွက်ပေးခြင်း အားဖြင့် ပြည်သူလူထုအားလုံး
ဘေးအန္တရာယ် ကင်းရှင်းပြီး နှစ်သစ်ကူးပွဲတော်ကို ပျော်ပျော်ရွှင်ရွှင်
ဆင်နွှဲနိုင်မှာဖြစ်တဲ့အကြောင်း အသိပညာပေး ပြောကြားလိုပါတယ်။ ။
အမေး၊ အရေး-
အောင်ရဲသွင်၊ ဓာတ်ပုံ- ထန်ဖုန်း

No comments:
Post a Comment