Friday, January 18, 2019

စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ဒိန်းမတ်နိုင်ငံ၊ အခွန်ဝန်ကြီး Mr. Karsten Styrbaek Lauriten အား လက်ခံ တွေ့ဆုံ


နေပြည်တော် ဇန်နဝါရီ ၁၈
စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ဒိန်းမတ်နိုင်ငံ၊ အခွန်ဝန်ကြီး Mr. Karsten Styrbaek Lauriten နှင့် အဖွဲ့အား ယနေ့မွန်းလွဲ (၁)နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့အကြား အခွန်နှစ်ထပ်ကျသင့်မှု ရှောင်ရှားရေး သဘောတူစာချုပ် (DTA) ချုပ်ဆိုနိုင်ရေး ကိစ္စများနှင့် အခြား စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment