Friday, January 18, 2019

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော်  ဇန်နဝါရီ  ၁၈
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယားသမ္မတ နိုင်ငံ သံအမတ်ကြီး၊ H.E. Mr. Lee Sang-hwa နှင့် အဖွဲ့အား ယနေ့နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကိုးရီးယားနှင့် မြန်မာနှစ်နိုင်ငံ၏ ဆက်ဆံမှုများ ပိုမိုကောင်းမွန်ရေးနှင့် စီးပွားရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ၊ မြန်မာနိုင်ငံ၌ ကိုးရီးယား စီးပွားရေး ရင်းနှီးမြှုပ်နှံသူများမှ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပိုမိုရရှိရေး ကိစ္စတို့နှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။ 
(သတင်းစဉ်)

No comments:

Post a Comment