မိုးညှင်း စက်တင်ဘာ
၂၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊
မိုးညှင်းမြို့နယ်တွင် အောက်တိုဘာလ အတွင်းကျင်းမည့် ကလေးစာပေ ပွဲတော်တွင် တိုင်းရင်းသားရိုးရာ
ယဉ်ကျေးမှုအမွေအနှစ်များ ပြသမည့် ပြခန်းများလည်း ခင်းကျင်းပြသ သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ
သိရသည်။
မိုးညှင်းမြို့နယ်အတွင်းရှိ
ဌာနေတိုင်းရင်းသားများ ဖြစ်သည့် ကချင်၊ ရှမ်း၊ သျှမ်းနီစသည့် တိုင်းရင်းသားများ၏ ရိုးရာ
ယဉ်ကျေးမှုစာပေများ၊ ရိုးရာတူရိယာပစ္စည်းများ၊ ရိုးရာ ဝတ်စားဆင်ယဉ်မှုနှင့်အသုံး အဆောင်ပစ္စည်းများကို
ထည့်သွင်း ခင်းကျင်းပြသသွား မည်ဖြစ်ကြောင်း ပြခန်းတွင်ခင်းကျင်းပြသမည့် တိုင်းရင်းသားရိုး
ရာစာပေ နှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များ ထံမှတာဝန်ရှိသူများက ပြောကြားသည်။
“အဓိက ကတော့ ရိုးရာဝတ်စုံတွေကို
ပြသမှာဖြစ်တယ်။ နောက်ပြီး ဝါးခွက်တွေ၊ မခုတ်ဓါး၊ မထိုး လှံတွေကို ခင်းကျင်းပြသ သွားမယ်”ဟုကချင်ရိုးရာ
စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ အဖွဲ့ဝင် ဒေါ်ခေါန် မိုင်ကပြောကြားသည်။
ပြခန်းခင်းကျင်းပြသမှုနှင့်ပတ်သက်၍
ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်း ဥက္ကဋ္ဌဦးတင်ထွန်းက
“ ရိုးရာ အသုံးအဆောင်တွေကို
ပြသမှာဖြစ်တယ်။ အဓိက တိုးနယားအကမှ ဝတ်တဲ့ဝတ်စုံကိုပြ သခြင်းဖြစ်တယ်။ နောက်ပြီး စာပေ
ပုရပိုက်တွေကိုလည်းပြသ ဖို့စီစဉ်ထားတယ်” ဟုပြောသည်။
တိုင်းရင်းသားစာပေနှင့်
ယဉ်ကျေးမှုအသင်း အဖွဲ့များအပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ကလေးစာပေသီးသန့်ပြခန်း၊
ပညာရေးဌာနပြခန်း(၄)ခန်း၊ စားသုံးသူရေးရာဦးစီးဌာနမှပြခန်းများ လည်းပြသ သွားမည်ဖြစ်ကြောင်း
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးအရာရှိ ဒေါ်နန်းမေစုအောင်က ပြောသည်။
မိုးညှင်းမြို့တွင်ကျင်းပမည့်
ကလေးစာပေပွဲတော်ကို အောက်တိုဘာလ (၇၊၈)ရက်များတွင် အမှတ်(၁)အခြေခံ ပညာ အထက်တန်းကျောင်းတွင်နံနက်(၈)နာရီမှ
ညနေ(၄)နာရီ အချိန်အထိကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(မိုးညှင်း)
No comments:
Post a Comment