Tuesday, May 22, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် (CPPCC) ၊ ဒုတိယဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ



နေပြည်တော် မေ ၂၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် (CPPCC) ၊ ဒုတိယ ဥက္ကဋ္ဌ၊ H.E. Mr. Wang Zhengwei (မစ္စတာ ဝမ်ကျန့်ဝေ) အား ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်းအောက်မှ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်အရေး ကိစ္စရပ်များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အပြုသဘော ဆက်လက် ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment