Thursday, October 26, 2017

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် FoundationHirondelle ၏ Senior Editorial Mr. Martyn Brown အား လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၂၆
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည်  မြန်မာနိုင်ငံရှိ Foundation Hirondelle ၏ Senior Editorialဖြစ်သူMr. Martyn Brownအား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာလွှတ်တော်နှင့် FoundationHirondelle တို့အကြား ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းများဖြစ်သည့် လွှတ်တော်ဆိုင်ရာနည်းပညာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သတင်းမီဒီယာကဏ္ဍအတွက် လွှတ်တော် အထောက် အကူပြုဝန်ထမ်းများအား သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment